"ချစ်ပါရစေတေ့ာကွယ်'" ___ အခန်း ၃
"ဟယ်လို
မြင့်မိုရ်ရေ မမအေးတို့တေ့ာ ရောက်ပြီ ညီမလေးကောဘယ်နေ့ပြန်လာမှာလဲ ""မြင့်မိုရ် အိမ်မှာကိစ္စလေးတွေရှိလို့ပါအဆင်ပြေကြတယ်မဟုတ်လား "
"ပြေတယ် ဒါပေမယ့် မြင့်မိုရ်နဲ့ တိုင်ပင်ချင်တာရှိသေးတယ်..
အင်း သူ့အတွက် အလုပ်လေ"
"အော် သူအရင်ကဘာအလုပ် လုပ်လဲ"
"အင်္ကျီချုပ်တတ်တယ် ပုံစံအမျိူးမျိူးလေ သူ့အိမ်မှာအဲ့ဒါလုပ်တာ
အဲ့ဒါ မမအေးအလုပျမှာ ထည့်ပေးရင် ကောင်းမလား လို့""ကျွမ်းကျင်လား"
"အင်း သူ့လက်ရာ မမအေးတောင် ကြိုက်တယ်သူချူပ်ပေးတာတွေလည်း ရှိတယ်"
"ဒါပေမဲ့ လေ ကိုယ့်သူငယ်ချင်းဆိုတေ့ာ...ကိုယ့်အုပ်ချူပ်မှုအောက်မှာလည်း မထားချင်ဘူး ဘယ်လိုလုပ်ရမလဲမသိဘူး
သည်ရောက်မှ မြင့်မိုရ်နဲ့တိုင်ပင်မယ်ဆိုပြီး သူတို့အိမ်အဆင်မပြေတာလည်း သိနေတေ့ာ ခေါ်လာခဲ့ရတာ ""ဒါနဲ့ သူ့အပ်ချူပ်စက်ကရော"
"ရွာမှာ"
"အော်
ဒါနဲ့များ ခေါင်းရှုပ်ခံ စဉ်းစားနေရတယ် မမအေးရယ်
စက်ကို သွားသယ်လိုက် အိမ်မှာ ချူပ်ခိုင်း
နယ်ထက်ချူပ်ခလည်းပိုမယ် အပ်ထည်များဖို့ မြင့်မိုရ်ကူညီနိုင်တယ် ကြော်ငြာစာ ကပ်ပေးမယ် ဘယ်မှသွားစရာလည်း မလိုတေ့ာဘူး သဘောတူလား ""ဟာ တော်လိုက်တဲ့ ညီမလေးရယ်
စိတ်ချမ်းသာလိုက်တာ ခုမှ ရင်အေးရပြီ
ဒါကြောင့် အငယ်ကိုပြန်အားကိုမိတာ ပေါ့""ဟုတ်ပြီ ဟုတ်ပြီ မြန်မြန်ပြန်လာတေ့ာနော်
တ့ာတာ "
မြင့်မိုရ်အကြံပေးတဲ့ အတိုင်း
အိမ်ကိုအကြောင်းကြားပြီး အပ်ချူပ်စက်မှာရသည်။
စု အဖေဆိုသည်မှာ ရန်ကုန်မြို့ကြီးကိုသာ လွှတ်လိုက်ရတယ်
ဘယ်လိုမှ စိတ်မချ။အိမ်ကနေပဲ အလုပ်လုပ်ရမယ်ဆိုတာသိတေ့ာဝမ်းသာနေရှာသည်။
အေးကိုယ်တိုင်လည်း အရမ်းဝမ်းသာမိရပါသည်။