အခန်း ၈

2.3K 139 0
                                    

'ချစ်ပါရစေတေ့ာကွယ်'___  အခန်း ၈

"မမ အကြာကြီးပြင်ဆင်မနေနဲ့ မမက လှနေပြီးသား"

'အင်းပါ ပြီးတေ့ာမှာ သိပ်လောတာပဲ '

'လောရတာပေါ့ မမရဲ့ သူတို့လာကြတာရန်ကုန်ရောက်ဖူးတဲ့သူလည်း မပါဘူး ဆက်သွယ်ရအောင်လည်း ဖုန်းပါတာမဟုတ်ဘူး ကိုယ်ကကြိုရောက်နေမှဖြစ်မယ့် ကိစ္စ'

သူ တစ်နေ့တခြား သူမအပေါ်ရင်းနှီးလာသလို၊ သည် လှတယ်ဆိုတဲ့စကားကိုလည်း ခနခန ပြောနေတာဖြစ်သည်။

ဘာကြောင့်ရယ်မသိပေမယ့် ပြောင်းလဲလာတာကတေ့ာ သိသာလွန်းနေသည်။

ခုပဲကြည့်လေသွားကြိုရမှာ သူ့မိဘလား သူမ မိဘလား မသဲကွဲအဖြစ်သည်းလွန်းနေတယ်လို့ သူမ တွေးနေမိသည်။
သူမမိဘ မောင်နှမတွေအပေါ် လှိုက်လှိုက်
လှဲလှဲကြိုဆိုတာကိုတေ့ာ အမှန်ပင်ဝမ်းသာရပါသည်။ သူမကိုယ်တိုင် သူ့မျက်နှာကြည့်နေရသည့် သူမဟုတ်လား။

သူမတို့နေတဲ့လမ်းထဲကနေ ဈေးထိပ်ရောက်အောင်လမ်းလျှောက်ပြီးတဲ့အထိ တက္ကစီတစ်စီးတလေတောင် မတွေ့သေး

'ကဲ မပြောဘူးလား စောလွန်းသေးတယ်ဆိုတာကို'

' သုံးနာရီခွဲဆိုတာ မစောတေ့ာဘူး
ခုက မတိုက်ဆိုင်လို့ မတွေ့တာ ခနပဲစောင့် လာမှာ'

သူပြောတာမှန်ပါတယ် တက္ကစီတစ်စီး လာရပ်ကာငှားလို့အဆင်ပြေသွား သည်။

လမ်းမပေါ်တွင် ကားများရှင်းပြီး ကားလေးကတရိပ်ရိပ်ပြေးနေသည်...ပြတင်းပေါက်ကနေ ဝင်နေတဲ့ လေနုအေးလေးကြောင့် ကားမမူးပဲ စိတ်ကြည်နေသည် စု လည်း
ကားစီးရတာ ရောက်စတုန်းကလောက် အခက်အခဲမဖြစ်တေ့ာတာကြောင့်လည်း ပါပါသည်။

သူလောနေလို့သာ တော်တေ့ာသည်။ စုတို့ ရောက်ပြီးမကြာမီပင် အဖေတို့စီးလာသည့်ကား အဝေးပြေးဂိတ်သို့ဆိုက်လာသည်..ခရီးသည် ဆယ်ယောက်လောက်ဆင်းလာပြီးတဲ့နောက်မှာ ငယ်လေးရှေ့ဆုံးက ဆင်းလာတာကိုတွေ့လိုက်ရသည် ..

'ငယ်လေး...'

သူမ ပြေးထွက်သွားပြီး သူမညီမလေးကို အတင်းဖက်ထားမိသည်။

"ချစ်ပါရစေတေ့ာကွယ်"Where stories live. Discover now