"ချစ်ပါရစေတေ့ာကွယ်" ___ 'အခန်း ၁၄'
အချိန်တွေကုန်လွန်လာလိုက်တာ မိုးတွေရွာလာပေပြီ
မကြေညာပဲရွာချတတ်တဲ့ရန်ကုန်မိုးဟာ နေ့တိုင်းလိုလိုရွာနေ၏ အဖေတို့ဆီမှာ တောင်သူ လုပ်ငန်းတွေ စရတေ့ာမည်ဖြစ်သည် သူမ ရန်ကုန်ရောက်နေတာ နှစ်နှစ်ကျော်၍
သုံးနှစ်ပြည့်တေ့ာမည် သီတင်းကျွတ်လျှင် အေးတို့ရဲ့မင်္ဂလာပွဲကိုရွာမှာကျင်းပမှာမို့ သူမလည်း ရွာကိုပြန်လိုက်ရမှာအရမ်းပျော်မိသည် ခုဆို စုတို့ချစ်သူသက်တမ်းလည်း နှစ်နှစ်ခွဲရှိပြီ
အနာဂတ်ကိုမမှန်းဆတတ်ပေမယ့် အတိတ်မှာရော လက်ရှိမှာပါ သူ့အချစ်တွေကို ပိုင်ဆိုင်ရတာ ကျေနပ်စရာကောင်းလှသည် ..
သူ့ကို ယုံကြည်ဖို့ တဖွဖွပြောတတ်သူလေးဟာထက်မြက်ပြီးဦးဆောင်နိုင်စွမ်းရှိတာမို့ သူလေးကို လေးစားချစ်ခင်စွာ စု
မြတ်နိုးပါသည် ။' စု စုရေ ဟဲ့ မိစုမ '
'ဟင် ဘာလဲ အေး'
'ပိတ်စကြီးကိုင်ပြီး ဘာတွေ တွေးနေတာလဲ '
'ဘာမှ မတွေးပါဘူး '
'ဘာမှတာမတွေးတယ် ငါခေါ်နေတာဖြင့် ကြာလှပြီ
နင် မကြာဘူး ငါ မေးစရာရှိလို့ ''နင် သူရ ကို ငြင်းလိုက်တာဆို '
'အင်း '
'ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲဆိုတာက သူရကို
ငြင်းလိုက်တာကို မေးတာမဟုတ်ဘူး နင် အကုန်လုံးကို
ငြင်းလွှတ်နေတာကိုမေးတာ အပျိူကြီး လုပ်တေ့ာမလို့ လား"'အင်း ပြောရရင် ငါ ဘယ်သူ့ကိုမှ မချစ်ခဲ့လို့ ငြင်းခဲ့တာ'
'ခုထိချစ်တဲ့သူမတွေ့သေးဘူးပေါ့'
'ငါ့ဆန္ဒကဟာ ငါနဲ့သင့်တော်လို့
ရုပ်ချောလို့ တော်လို့ ချမ်းသာလို့ ငါ့အပေါ်အနွံတာခံလို့ ဆိုတဲ့
အရည်အချင်းတွေနဲ့ တိုင်းပြီး မချစ်ချင်ဘူးငါချစ်မိတဲ့သူကိုသာ ဘယ်လိုလူမျိူးဖြစ်ဖြစ် လက်ခံချင်တာဟာ အဲ့ဒါကြောင့် ပါ '
'အင်းပါ ငါ့သူငယ်ချင်းလေး ချစ်သူမြန်မြန် ရပါစေ '
ရွတ်နောက်နောက်ဆုတောင်းပေးနေတဲ့ အေးကို သူမငေးနေမိ၏ အချိန်တွေအကြာကြီး သူမ လျှိူ့ဝှက်ထားခဲ့တာပင်