"တစ်ခွါ!. နှစ်ခွါ.. သုံးခွါ...."
"!!?..."
အိမ်ရှေ့မှ ထီးထီးမားမားတည်ရှိနေသော ငုဝါပင်အောက်တွင် ကလေးတစ်စုက ကြိုးခုန်တန်းဆော့နေတာကို မြင်လိုက်ရသည်။ ထိုကလေးတွေထဲ ကြွက်မှီးဆံသားနှင့်ကောင်လေးဟာ အတော်လေး ထင်းထွက်နေခဲ့သည်။ ထင်းထွက်ဆို အဖြူရောင်လက်ပြတ်အကျီမှာ ရွံ့တွေပေလို့ပေ ပုခုံးမှာလည်း ပုဆိုးလေးကိုစလွယ်သိုင်းထားသေးသည်။ စည်းစိမ် ပါလာသော နာနတ်ယိုမုန့်အား ခြင်းထဲမှထုတ်လိုက်ကာ ထိုကလေးတွေဆီသို့ သွားလိုက်သည်။
"ကျေးဇူးတင်ပါတယ်...."
မုန့်တွေယူကာ ပြုံးပျော်ရင်း သူ့အားကျေးဇူးတင်စကားပြောလာကြသည်။ သို့သော် ထိုကောင်လေးမပါ။
"ကြိုက်တယ်မလား.. ရော့.. ကလေးအတွက်.."
သူပြုံးကာပြောလိုက်သော်လည်း ရွံ့တွေပေနေသော ထိုကောင်လေးဟာ သူ့အားမျက်မှောင်ကြုတ်ကာကြည့်လာသည်။ အေးစက်စက်လို့ပြောရမလား။
"!!!!...."
သူ့လက်အားပုတ်ချပစ်ကာ တစ်ဖက်လှည့်ပြီး ထွက်သွားတော့သည်။
"ဟေ့ကောင် မဆော့တော့ဘူးလား..."
"ဆော့ချင်စိတ်မရှိတော့ဘူး.."
နောက်လှည့်နကြည့်ဘဲ ဒေါသထွက်စွာထွက်သွားသော ထိုကလေးကို ကြောင်ကာ ကြည့်နေမိသည်။ သူဘာများလုပ်မိလိုက်လို့လဲ။
" အနိုင်" ပြန်သွားမှ မုန့်တစ်ချို့အား သေချာထည့်ကာ အပြင်သို့ထွက်လာလိုက်သည်။ သူ့အခြေအနေတွေကောင်းလာတာ အဲ့ကလေးကြောင့်မလား။အဲ့အလောင်းကိုသာရှာမတွေ့ရင် အိမ်မက်ဆိုးတွေနဲ့နှစ်ပါးသွားရတော့မှာလေ..။ ကျေးဇူးကောင်းကောင်းတင်ချင်တာနဲ့ တစ်လုံးပြီးတစ်လုံး လိုက်မေးကာ နောက်ဆုံးတော့ ထိုကလေးအိမ်အားတွေရတော့သည်။ ရာဘာပင်အမြင့်တွေကြားမှ တဲအိမ်ကလေးတစ်လုံး ။"အဘွားရေ!.. အဘွား.. ရှိလားဗျ.."
"ရှိပါ့တော်!... ဘယ်သူလဲကွဲ့..."
အဘွားက ကွမ်းတောင်းလေးကိုင်ပြီး ထွက်လာခဲ့သည်။
"အော် ... သားလေးဘဲ လာ .. လာထိုင်လှည့်..."
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။