"တောက် တောက် တောက် !!.."
တုတ်ကောက်လေးကို ကိုင်ကာ ကြီးမားသော အိမ်ထဲဝင်လာသော ကြက်သွေးရောင်ဝတ်စုံနှင့် ဘိုးတော်တစ်ဦး။ သူဟာ အလျင်လိုနေပုံပေါက်ကာ တစ်ခုခုကိုပြောချင်နေသည်။
"ဘာတွေအလောကြီးနေတာလဲ..."
ဆေးလပ်ကြီးကို ရှိက်ဖွာရင်း ဦးခွန်း ကပြောလိုက်သည်။ မျက်နှာက သိပ်မကောင်းချင်ပေ။ မကောင်းဆို သူ့ငွေတွေကို ပေးလိုက်ရတာလေ။ ဘယ်သူက ပျော်နေနိုင်တော့မှာလဲ။
" သူ့အိမ်မှာမရှိတော့ဘူး... ပြီးတော့ ကိုင်တွယ်လိုလည်းမရတော့ဘူး..."
"ဘယ်လိုဖြစ်ရတာလဲ ... အဲ့အိမ်က မထွက်အောင်လုပ်ဖိုအတန်တန်တားနေတဲ့ကြားက ..."
"အဲ့လိုလုပ်နေတာဘဲ ဒါပေမဲ့ သူ့ရဲ့ရေစက်ကြိုးက အားပြင်းလွန်းတယ် ..."
"ရေစက်ကြိုး?.."
မျက်ခုံးတစ်ချက်တွန့်ကာ ရေရွတ်လာသော ဦးခွန်း ။ ထိုဘိုးတော်က သက်ပြင်းချလိုက်ပြီး ဖြေလာခဲ့သည်။
"ဟုတ်တယ် ... ဘယ်လိုမှကိုင်တွယ်လို့မရနိုင်ဘူး ...ဒါကို လူကိုယ်တိုင်လုပ်ဆောင်မှဖြစ်တော့မှာ .."
"ဒီလိုဖြစ်လာခဲ့ပြီဘဲ ....အဟက် .. အစကတည်းက အသေသတ်လိုက်ရမှာ ..."
မဲ့ပြုံးလေးဖြင့်ပြောလာသော ဦးခွန်း အား ဘိုးတော်က စေ့စေ့ထပ်ကြည့်လိုက်သည်။
"အဲ့ကောင်ကိုသတ်ရင်သတ် မသတ်ရင် မင်းဇာတ်သိမ်းကောင်းမှာမဟုတ်ဘူး ... ငါလည်းဆက်မလုပ်နိုင်တော့ဘူး ....."
"ဟုတ်ပါပြီး ဆက်မလုပ်ခိုင်းတော့ပါဘူး ..."
သူက ပြာခွက်ထဲကို ဆေးလိပ်နစ်ပြီး မီးသတ်လိုက်သည်။ ပြီးနောက် အေးစက်စက်မျက်နှာနှင့် ဘိုးတော်ကိုကြည့်လိုက်သည်။
"ခင်ဗျားဖြေကြည့်ပါဦး .. အသုံးမဝင်တဲ့လူတစ်ယောက်ကို ဘယ်လိုလုပ်ရမလဲ ..."
အတည်ပေါက်ကြီးဖြစ်နေသော ထို ဦးခွန်း ကို ဘိုးတော်က နားမလည်သလိုကြည့်နေသည်။
"ငါ့ကိုမေးဖို့လိုသေးလို့လား .."
"ဟုတ်တာပေါ့ ... ရှင်းရမှာပေါ့နော် ..."
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။