အရက်ပုလင်းမြောက်များစွာထဲမှာမှ ငွေရောင်ဖန်ပုလင်းနှင့် ဝီစကီ ကိုယူလိုက်သည်။
“My snowman and me ….”
သီချင်းလေးငြီးရင်း ဝီစကီခွက်ကို ကိုင်ထားသော ထစ်ချုံးမာန် ...။ အနက်ရောင် လည်စည်း ကို အသာဆွဲချွတ်လိုက်ပြီး ဝီစကီ ကိုအရသာခံလိုက်သည်။ သူဒီနေ့အတော်ပျော်သည်လေ ။ နှိပ်စက်ချင်တဲ့သူကို နှိပ်စက်လိုက်နိုင်တော့ ဘယ်သူမဆိုပျော်မှာပါဘဲ...။
သူကျေနပ်စွာ ပြုံးနေမိတော့သည်။ ဒါနဲ့ သူပြန်လာကတည်းက ဦး ကိုမတွေ့ပါလား ။
ဝီစကီခွက်လေးကို ခုံပေါ်အသာချရင်း ထွက်လာတော့သည်။“ဦး ..”
တံခါးကိုအသာဖွင့်ကာ ကြည့်တော့ ရှိမနေပေ ။ နေ့ခင်းကြီး ဘယ်သွားနေတာလဲ ..။ သူမျက်မှောင်ကြုတ်လိုက်ပြီး တစ်ထပ်လုံးကိုလိုက်ရှာတော့သည်။ သို့သော် သူမတွေ့ပေ ။ သူ့စိတ်တွေက လုံးဝကို ရှုပ်ထွေးသွားရပြီး အလိုမကျမှုက စတင်ဝင်လာတော့သည်။
အိမ် ကို သူ့ဘာသာ ပြန်သွားတာတော့ မဟုတ်ဘူးမလား ။“ကျစ် ... မျက်နှာတစ်ချက်လွဲလိုက်တာနဲ့ ပျောက်တော့တာဘဲ ...”
ဒေါသတို့ထွက်လာတာ လူလွတ်ပြီးရှာခိုင်မို့ မိမိအခန်းသို့ရောက်လာခဲ့သည်။ တွေ့မှ အိမ်ထဲထည့်ပိတ်ထားဦး မည်။
‘!!!..”
မိမိ၏ကုတင်ထပ်ကျောပေးထိုင်နေသော လူတစ်ဦးကိုတွေ့လိုက်ရသည်။ မျက်နှာမမြင်ရရင်တောင် ဘယ်သူမှန်း တန်းသိသည်။
“ဦး ...”
“.....”
ညိုလွလွ မျက်ဝန်းက ဖြည်းညင်စွာလှည့်ကာကြည့်လာခဲ့သည်။ ခပ်ပါးပါးနှုတ်ခမ်းပါးကလည်း ခပ်ရေးရေးပြုံးနေသည်။ နူးညံ့ကာသေးသွယ်သောလက်ကလေးပေါ်မှာတော့ မိမိ၏ ရှပ်အကျီလေး ။
“ပြန်ရောက်ပြီလား ....ကလေးက ကိုယ့်ကိုလာမရှာတော့ ကိုယ်ကဘဲရှာရတာပေါ့ ...”
“ကျွန်တော် တစ်အိမ်လုံးရှာလိုက်ရတာ ... ဦး ထွက်သွားပြီတောင်ထင်ထားတာ..”
မာန့် အနေနဲ့ အတော်လေး အလုပ်ရှုပ်မည်မှန်း စည်းစိမ် သိသည်။ သူဘာလို့ ဒီအခန်းထဲရောက်နေရသလဲ သူမသိသလို ဘယ်လိုအဖြေပေးရမည်လဲ သူမသိပေ ။ ကိုယ်ကတွေ့ချင်တာကို သူကအိမ်မှာတစ်ချက်တောင်မကပ်ရဘူးလေ ။ အခုတွေ့ပြန်တော့လည်း ခြေမကိုင်မှီ လက်မကိုင်မီ ဖြစ်နေခဲ့သည်။
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။