အစိမ်းရောင်အကြောထဲ စိုက်ဝင်နေသော ဆေးထိုးအပ်ကို အေးစက်စက်ကြည့်နေလိုက်သည်။ အနည်းငယ်ထုံကျင်နေတာလွဲ၍ သူအရမ်းကိုအဆင်ပြေနေခဲ့ပြီလေ ။
“ခွပ် ခွပ် ... "
သူ့အပေါ်အုပ်မိုးကာ အားပါပါထိုးချလာသော လက်သီးချက်တွေ။ ပါးရိုးတစ်လျှောက်နာကျင်မှုကြောင့် မျက်မှောင်ကြုတ်နေမိတုန်း ။
“မအေဘေး !!!.. သေချင်ရင် တစ်ခြားမှာသွားသေ ...”
သူ့ကော်လံစကို ဆွဲကိုင်ကာ ပြောလာသော မာန် ကို တွေ့လိုက်ရသည်။ သူပျင်းရိပျင်းတွဲဖြစ်နေတုန်းမှာဘဲ လက်မောင်းကိုဆွဲကာထူလာသော ထစ်ချုံးမာန် ။ သူထင်တဲ့အတိုင်းပါဘဲ ။ ထစ်ချုံးမာန် က သိပ်ပြီးရက်စက်တတ်တာမဟုတ်ဘူးလို့ ။
“မသေချင်ရင် ထရပ်လိုက်တော့ မအေဘေး !!.”
သူ့ကို ခပ်ဆတ်ဆတ်ပြောလာသော ထစ်ချုံးမာန် ကြောင့် သွားပေါ်သည်အထိပြုံးလိုက်သည်။ နာကျင်ကာ သွေးယိုစီးနေသာ ခြေထောက်ကို အားတင်းကာ လျှောက်လှမ်းလိုက်သည်။
“နှစ်ချက်ဘဲပစ်ရင် ရရက်သားနဲ့ လေးချက်တောင်ပစ်စရာလား ...”
“အော် ... မင်းလုပ်ထားတာကိုမကျေနပ်လို့လေ ... ခြောက်ချက်လောက်ပစ်လိုက်ချင်တာ ...”
“ငါ့ကိုအဲ့လောက်ထိ ငြိုးထားတာလား .."
“နားညီးတယ် ပါးစပ်ပိတ်တော့ ...”
မျက်မှောင်ကြုတ်ရင်းပြောနေသော ထစ်ချုံးမာန် ကိုသူထပ်မစတော့ပေ ။ နှစ်ဦးလုံးက ဒဏ်ရာတွေနှင့်မို့ မျက်နှာမှာဖြူဖက်ဖြူရော်ဖြစ်နေသည်။ သို့သော် အခုထိပြုံးနေမိဆဲပင် ။ ငယ်ငယ်ကတည်းက ဖြစ်တည်နေတဲ့ သူငယ်ချင်းသံယောဇဥ်ကို ဘယ်လိုလုပ်ဖြတ်တောက်နိုင်ကြမှာတဲ့လဲ ။ အထူးသဖြင့် ညီအစ်ကိုလို ဆက်ဆံရေးကိုလေ ။
အာဏာစက်ဝန်း သူ့ပါးကိုကိုင်ကာ ငြိမ်သက်နေလိုက်သည်။ ကောင်းကောင်းခေါ်နိုးလို့ရရက်သားနဲ့ ထိုးပြီးတော့ ခေါ်တာတော့ နည်းနည်းအလိုမကျစရာပင် ။“ဘာဖြစ်တာလဲ ... တစ်ယောက်ယောက်က နမ်းလိုက်လို့ မင်းပါးကို မင်းကိုင်ထားတာလား ..”
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။