"က... ကလေးငယ် ချစ်ချဖွယ် ... ခ ခရေကုံး... မလေးပြုံး!..."
ကလေးလေး၏ စာဖတ်သံက ဆင်းရဲသားရပ်ကွက်တွင် ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။ အချိန်သည် ည 7နာရီရှိနေပြီဖြစ်ပြီး ထိုရပ်ကွက်မှာ မှောင်မည်းနေခဲ့သည်။ အိမ်တိုင်းအိမ်တိုင်း လျှပ်စစ်မရှိဘဲ ဖယောင်းတိုင်ကိုသာ သုံးနေရသည်။
"ဟော်... သမီးလေးကတော်လိုက်တာ .. ထပ်ဆိုပါဦး...."
ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးတစ်ဦးက ကလေးရဲ့ ပါးလေးတစ်ဖက်ကို ချစ်စဖွယ်ဆွဲစိတ်ပြီး ပြောနေခဲ့သည်။ ထို ပါးပါးဖောင်းဖောင်း ချစ်စရာကလေးမလေးကလည်း အရှေ့သွားတွေပေါ်သည်အထိပြုံးရင်း စာဆက်ဆိုတော့သည်။
"ပြုံးရွှင်ရွှင် ... ငါ့ငချိတ်ပေါင်းချားလို့ကောင်း..."
"......"
ယွန်းဝတီ မိမိသမီးလေး၏ မပီတပီစာဖတ်ပုံကို ပြုံးပြုံးလေးကြည့်နေခဲ့သည်။ ပါးဖောင်းလေးနှင့် ထိုအညိုရောင် မျက်ဝန်းသေးသေးလေးတွေက တစ်စုံတစ်ဦးကို အမှတ်ရစေသည်။
သူမ မျက်စောင်းထိုး စာပွဲသေးလေးပေါ်မှ တင်ထားသော ဓါတ်ပုံကို လှမ်းကြည့်လိုက်သည်။ အနောက်တိုင်း suit နှင့် ခန့်ညားနေသော သူမအမျိုးသား။"မေမေ... "
"အွန်း ... သမီးလေး..."
"ဖေဖေ ဘယ်တော့ပြန်လာမှာလဲဟင်?...."
"......."
သူမ စိတ်မကောင်းစွာနှင့် တိတ်ဆိတ်သွားရသည်။ ဘာအကြောင်းမှမသိရဘဲ ရုတ်တရပ်ပျောက်သွားတဲ့ သူကို သူမဘယ်လိုခွင့်လွှတ်ရမလဲ။ သူမ ဗိုက်တစ်လုံးနဲ့ တစ်ချက်ကလေးတောင်ပေါ်မလာဘဲထားခဲ့ရက်တဲ့ ခင်ပွန်းကို သူမ လွမ်းနေသင့်ရဲ့လား။
"ပြန်လာမှာပေါ့ သမီးရယ် .... ဖေဖေက အဝေးကြီးမှာ ပိုက်ဆံရှာနေလို့လေ...."
"ဖေဖေ့ကိုတွေ့ချင်တယ် ..."
"တွေ့ရမှာပေါ့ .. ဖေဖေကမကြာခင်ပြန်လာတော့မှာပါ.... အဲ့အချိန်ထိ သမီးလေးက စာကြိုးစားရမယ်နော် ...."
"ဟုတ် မေမေ...."
"လိမ္မာလိုက်တာ ... ပြွတ်စ် !... "
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။