"ဝှီ!.. ဝှီ!..."
မှောင်မည်းနေကာ ခြင်သံတစ်ဝှီဝှီ ကြားနေရသော အခန်းလေးတစ်ခု။ ပြတင်းပေါက်တံခါးလည်း လုံခြုံမှုမရှိဘဲ ပေါက်ပြဲကာ အက်ကွဲနေခဲ့သည်။ မှောင်မည်းပြီး ဘာမှန်းမသိတဲ့အနံ့သက်တွေကြောင့် ခြင်နှင့် ယင်တို့၏ အကြိုက်နေရာပင်။ သို့သော် လူတစ်ဦးတော့ရှိနေသည်။
"အရက်နာကျဆေးပေး စက်ဝိုင်း!...."
သူ့အသံဟာတုန်ယင်ခြောက်ကပ်နေကာ မျက်လုံးတောင်ဖွင့်မနေပေ။ကောက်နေသောဆံသားရှည်တို့ဟာ ဖရိုဖရဲဖြစ်နေပြီး နှုတ်ခမ်းမွှေးတွေလည်း မရိတ်တာမို့ အတော်ထူနေချေပြီး။
အရက်နာကျဆေးတောင်းနေပါသော်လည်း အရက်ပုလင်းကို လက်ကမချသေးပေ။"စက်ဝိုင်း?...."
သူပတ်ဝန်းကျင်ကို လှန်လောကာရှာဖွေနေသည်။ အရက်ပုလင်းနှင့် ပေပွနေသောအခန်းကိုသာသူမြင်နေရသည်။
"အာ.... စက်ဝိုင်းက ..... ငါ့ကိုထားခဲ့တာကိုး..."
"ခွန်းစက္က" တိုးတိုးလေးရေရွတ်လိုက်သည်။ သူဒီလိုဖြတ်သန်းနေတာဘယ်လောက်ကြာပြီလဲ။ ဒီအရက်တွေက သူသောက်နေကျလောက် တန်ဖိုးမရှိပေမဲ့ သူကြိုက်တယ်လေ။
"အခုမင်းဘာပြောမလဲ ... ငါ့ပုံစံကိုတွေ့ရင် မင်းဘယ်လိုလုပ်မှာလဲ စောစက်ဝိုင်း!..."
စက်ဝိုင်း အသန့်ကြိုက်တာကိုသူသိသည်။ သို့သော် ကြာကြာမနေလိုတော့တဲ့ သူ့အဖို့ သန့်ရှင်းသပ်ရပ်နေဖို့လည်းမလိုပေ။ အချိန်တန်ရင် လူမသိသူမသိ ပုတ်သိုးသွားမှာဘဲလေ။
"!!!....."
သူ့ဘယ်လက်ပေါ်မှ အဝါရောင်ကြိုးလေးကိုတွေ့လိုက်သည်။ သူသတိမထားမိသလို့ ထိုကြိုးလေးကလည်း အညိုရောင်တောင်ပြောင်းနေခဲ့ပြီ။
"ဒါကဘာအတွက်လဲကွာ...."
သူဆွဲဖြုတ်လိုက်ချင်ပေမဲ့ နောက်ဆုံးပစ္စည်းမို့ သူမဖြုတ်ရက်ပေ။ ကာကွယ်ရေးအဆောင်လား၊ မင်းဘယ်လိုဘဲကာကွယ် ကာကွယ် ငါက မရှင်နိုင်တော့ဘူး စောစက်ဝိုင်း မင်းသိလား ငါမရှင်နိုင်ဘူး.....။
သူ့မိဘတွေထပ်ပြီးဘာလုပ်နေလဲ။ ဗီဇဆိုတာမျိုးက တားဖို့ခက်တယ်လေ။ အဲ့တော့ အဲ့အပြစ်တွေအားလုံး သူခံယူရတယ်လို့ဘဲ ခွန်းစက္က ယူဆထားသည်။
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။