နွေရာသီကပူပြင်းလွန်းပါသည်။ လေစိမ်းတွေတောင် အေးချမ်းမှုကို မယူဆောင်ပေးနိုင်ပေ။ ရုန်းကန်လှုပ်ရှားနေသူတွေအဖို့အတော်ကိုပင်ပန်းစေသော ရာသီတစ်ခုလည်းဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။
အစုလိုက်အပြုံလိုက် သီးနေသော လိမ္မော်ပင်ကို သူအသာလေးမော့ကြည့်လိုက်သည်။ စားသုံးသူမရှိတော့ တစ်ချို့အသီးတွေက အရောင်ညိုးကာ ပုတ်နေလေပြီး။"........."
သူကိုယ်တိုင်စိုက်ပျိုးထားသော ထိုတစ်ပင်တည်းသော လိမ္မော်ပင်လေးကို ဆက်သဖို့ သခင်လေး ဘယ်ရောက်နေသနည်း။
"သခင်လေးက အပုန်းကောင်းတာဘဲ ...."
လိမ္မော်သီးလေးကို အသာခူးရင်း "စောစက်ဝိုင်း" ရေရွတ်လိုက်သည်။ 10နှစ်တောင်ကုန်လွန်ခဲ့ပြီကို သူ့သခင်ဖြစ်သူကို လုံးဝရှာမတွေ့သေး။ သူမပါရင် ဝေးဝေးမသွားတတ်တဲ့ သူက အခုကော အန္တရာယ်ကင်းပါရဲ့လား။ အဆင်ရောပြေပါ့မလား။ သူ့စိုးရိမ်မှုကိုသာ သခင်လေးသိရင် သူ့ဆီပြန်လာလောက်လား။
"........"
လိမ္မော်ခြမ်းလေးတစ်ခြမ်းကို နှုတ်ခမ်းနားထေ့ကာ သူစားလိုက်သည်။ ချိုမြလွန်းသော အရသာက မျက်ရည်ကျလောက်သည်အထိပင်။
သခင်လေးက အချိုကြိုက်တယ် ဒါပေမဲ့ ဆေးကိုတော့ အသေမုန်းတယ်။
အချိုကိုလည်းကြိုက်သလို ဆေးသောက်တတ်အောင်လည်း သူသင်ပေးရဦးမယ်လေ ။
ဒီကမ္ဘာမှာဘဲ ခြေရာထပ်နေအောင်သူလိုက်ရှာမယ်။ အသက်ရှိနေသးရင် သူတစ်နေ့တွေ့ရမယ်။ အကယ်၍ သေမင်းက ခေါ်ဆောင်သွားပြီဆိုရင်တောင် ထိုသေမင်းနောက် သူလိုက်ခဲ့မယ်။ အနည်းဆုံး သခင်လေးနဲ့ တွေ့ခွင့်ရလောက်ပါရဲ့ ။~~~~~~
Air con ကိုအအေးဆုံးအထိမြင့်ထားသော ထိုရုံးခန်းတစ်နေရာ။ air con သံက လွဲ၍ လူနှစ်ဦးကြားမှာတော့ တိတ်ဆိတ်နေခဲ့သည်။
"ပြောစရာရှိတယ်ဆို..."
ထိုမဟူရာလိုမျက်ဝန်းနှင့် ကောင်လေးက ဆိုဖာပေါ် ပေါ့ပေါ့ပါးပါးထိုင်ကာ စကားစလိုက်သည်။ မည်းနက်သောမျက်ခုံးတန်းမှာတော့ အလိုမကျစွာတွန့်ချိုလို့ရယ်။
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။