ညနေဆည်းဆာသည် လယ်သမားတို့အိမ်ပြန်ချိန်ဖြစ်ကာ နေမင်းကြီးက လှပမှုကို ပေးဆောင်သည်။
"ဘုတ်!.. ဘုတ်!.. ဘုတ်!... ထင်း!.. ထင်း!..ခွမ်း!...."
"ယောက်ျားဆိုတဲ့သတ္တဝါတွေ မင်းအနားမှာဝိုင်းလှည်"
"ဝိုင်းနေ ပါဟ.."
"အေး!... ဝိုင်းနေ.. ရှိရှိသမျှယောက်ျားတွေ မင်းအတွက်ပါဘဲလေ..."
အသံစူးစူးဟာ ငုဝါပင်အောက်မှ ကလေးထံမှထွက်လာခဲ့သည်။ ကလေးသုံးလေးယောက်က နို့ဆီဘူးကိုတီးလို့တီး၊စတီးပန်းကန်ကို တီးလို့တီး၊ ဝါးကိုတီးလို့တီးနှင့်အဆိုတော်လုပ်နေကြသည်။ ဖြတ်သွားဖြတ်လာ လယ်သမားတွေကတော့ ခပ်ရေးရေး ပြုံးကာ ခေါင်းကိုသာ ခါရမ်းနေတော့သည်။
"မင်းရဲ့ နာမည်ကမွှေး ... မေ့ခေါင်းမှာလည်း ပန်းတွေဝေ... ငယ်ငယ်တုန်းကပန်းကြိုက်ပါတဲ့ နာမည်လေးက မပန်းဝေ!..."
လမ်းထိပ်ကအလှူအိမ်မှာ ဖွင့်လိုဖွင့်၊ ဘုန်းကြီးကျောင်းကဖွင့်လိုဖွင့်နှင့် သီချင်းတော်တော်များများကို အလွတ်ရနေကြပြီဖြစ်သည်။
"ငါမရဘူးကွာ.. တခြားဟာပြောင်း..."
"အ့ဆို ငါအတည်ဆိုမယ်ကွာ.."
မာန်က ပုဆိုးကို ပြင်ဝတ်လိုက်ပြီး ဖြေလိုက်သည်။
"ဆိုဆို .."
"အဟမ်း!.."
မာန်က လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး သီချင်းစဆိုတော့သည်။
"လိုနေရင်သာ မသိသာတယ် ... ပိုနေရင်ဘဝတစ်ခုလုံးဟာနေသလိုကွယ်!...."
"ဟ !... ငမာန်ရာ မင်းမှားနေပြီကွ!..."
ငဖြိုးက တုတ်နှင့် လှမ်းပေါက်ရင်းပြောလာတော့ မာန် ရပ်ကာ ကြောင်ကြည့်နေမိသည်။
"ဘယ်နေရာကမှားတာလဲ ငဖြိုးရဲ့ ..မှန်နေတာဘဲကို"
"မင်းကြီးတော်ကို မှန် 'ပို' အရင်လာတာကွ ..."
"အေးအေး... ပြန်စမယ် တီးတီး ..."
"သေချာဆိုနော် မဟုတ်ရင် တီးမှာ...."
"တီးစရာရှိတာတီးကွ!..."
"ဆိုတော့!..."
"ပိုနေရင်သာမသိသာတယ် .. လိုနေရင် ဘဝတစ်ခုလုံးဟာနေသလိုကွယ်....ဒါပေမဲ့ မဖြစ်ခဲ့ဘူးကွယ်!....ဟ!.."
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။