ရာသီဉတုက အေးစက်ဟန်မရှိသော်လည်း အခန်းအတွင်းမှ အပူချိန်က အနိမ့်ဆုံးဖြစ်နေကာ အေးစက်စက်နိုင်သည်။ အထူးသဖြင့် လူနှစ်ဦးကြား ဘာပြောရမည် မသိသော အခြေအနေသည် ကို့ရို့ကားရားနိုင်လွန်းသည်။ လူနှစ်ဦးက ဘာပြောရမည်မသိသူနှင့် ဘာပြန်ဖြေရမည် မသိသော လူနှစ်ဦးက အခြေအနေ တူမည့်ပုံမပေါ်ပေ။
"ဘာမှပြောစရာမရှိဘူးလား..."
ထစ်ချုံးမာန် က ရှေ့မှ အာဏာစက်ဝန်းကို အေးစက်စက်ကျောပေးရင်း မေးလိုက်သည်။ တိတ်ဆိတ်နေခြင်းက ဝန်ခံနေခြင်း ဖြစ်သလို ထိုသို့တိတ်ဆိတ်နေသည်ကို သူလုံးဝမကြိုက်ပေ။
"........"
တကယ်ပင် အာဏာစက်ဝန်း ဘာမှပြောလာခြင်းမရှိပေ။ ဒါကပဲ ထစ်ချုံးမာန် ကိုဒေါသပိုထွက်စေသည်။
"တိတ်မနေဘဲ ငါမေးတာကိုဘဲဖြေစမ်းပါ!!.... မင်းမှာဘာမှပြောစရာမရှိဘူးလား .."
"မင်းသိပြီးသားမလား .. ငါပြောရင်ရော ပြောင်းလဲသွားတာမရှိဘူးလေ.."
သူ့ကိုပေါ့ပျက်ပျက်နိုင်စွာ ဖြေလာသော အာဏာစက်ဝန်း ကိုလှည့်ကြည့်လိုက်သည်။ အဝေးတစ်နေရာကိုသာ တွေတွေလေး ငေးကြည့်နေပုံက ဘာမှမဖြစ်သလိုပင်။
"မင်းဆီက ငါကြားချင်လို့လေ ... မင်းငါ့ကိုလိမ်လိုက်ရင်တောင် ငါကယုံပေးမလို့..."
"......."
ညီအစ်ကိုဆက်ဆံရေးလို ဖြစ်နေတဲ့သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦးတောင် နားမလည်နိုင်ကြဘူးတဲ့လေ...။ ဘယ်လောက်ရယ်ရတဲ့ ဟာသလဲ ..။
"ငါ အတိတ်မေ့နေတဲ့နောက်ပိုင်း မင်း ငါ့ကို ဖုံးကွယ်ထားတယ် .. အိမ်ကြီးရှင်ရဲ့ အခြေအနေကိုလည်းမင်းသိတယ် ... ဒီအခြေအနေထိရောက်တာတောင် မင်းငါ့ကိုဘာတစ်ခွန်းမှ သူ့အကြောင်းမပြောခဲ့ဘူး .. ဘာကြောင့်လဲ?..ဟမ်း!!"
"........."
"သူ့ရဲ့ အခြေအနေက မင်းအတွက်ပျော်စရာကောင်းနေလို့လား ..."
"ငါပြောရင်တောင် မင်းကဘာလုပ်နိုင်မှာလဲ...."
"မင်းသာစောစောပြောခဲ့ရင် ငါလုပ်နိုင်တာအများကြီးရှိတာပေါ့.. ဒီထက်အခြေအနေမဆိုးအောင် ငါဆွဲထားရင်ဆွဲထားလို့ရမှာ ....."
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။