ရွာသူကြီးရော၊ကျောင်းထိုင်ဆရာတော်ရော၊ရဲတစ်ချို့ကိုအသိပေးလိုက်သည်။ ထိုအခါမှ ထိုမိန်းကလေးဟာ သူ့အိမ်မက်ထဲက မိန်းကလေးမှန်း ထင်ရှားစွာသိလိုက်ရသည်။ ပြီးနောက်မှာတော့ ဘကြီးစိုး အကြံဖြင့် ဆရာတော်တို့အား ပင့်ကာ ပရိတ်ရွတ်ခြင်းအမှုကိုပြုလုပ်ခဲ့သည်။
"မနာလိုစိတ်ဆိုတာ တအားကြောက်ဖို့ကောင်းပါတယ်ကွယ်.... တစ်ပါးသူကို အနာတရဖြစ်အောင် စီးပွားပျက်အောင် မိသားစုပြိုကွဲအောင် နည်းအမျိုးမျိုးသုံးတက်ကြသကိုးကွဲ့.... ဘုရားဘဲ စိတ်ထဲထားပေါ့ကွယ်... ကံဆိုတာ တစ်နေ့အကျိုးပြန်ပေးပါလိမ့်မယ်..."
စည်းစိမ် လက်အုပ်ချီကာ တရားနာနေမိသည်။ အခုသူမယုံချင်လည်း ယုံရတော့မည်။ ပရလောကအောက်လမ်းဆိုတာ တကယ်တည်ရှိကြောင်း...။
"မှန်ပါ့ဘုရား.."
"ကောင်းတာလုပ်ရင် ကောင်းတာရမယ် .. မကောင်းတာလုပ်ရင် မကောင်းတာရမယ်... ဝဍ်ဆိုတာ ကြာကြာမနေပါဘူး တကာလေး.. သူတို့တွေပြန်ခံရဦးမှာပါ စိတ်ကောင်းလေးဘဲထားပြီး မေတ္တာပို့ပေးလိုက်နော်..."
"မှန်ပါ့ဘုရား.."
"ကဲ .. အခုရော .. ညဇီးကွက်လေး ဘာမြင်သေးလဲ.."
"!!??.."
ဆရာတော်အကြည့်တို့ကို လိုက်ကြည့်မိတော့ အဖြူရောင်ရှပ်နှင့် ပုဆိုးဝတ်ထားသောကောင်ကလေးဆီသို့။ ပါးပေါ်သနပ်ခါးဖွေးဖွေးလေးနှင့် ချစ်စရာကောင်းသော်လည်း လက်အုပ်ချီကာ ငိုက်မြည်းနေခဲ့သည်။ စည်းစိမ် မထိန်းနိုင်စွာပြုံးလိုက်မိသည်။
"အော်.. ဒီမြေးနှယ်.. မြေးလေး!မြေးလေး!!.."
"ဟမ်း!!?... အော်.. သာဓုသာဓုသာဓု..."
"ဟားဟားဟား....."
တရားနာလာသူတို့ထံမှရယ်သံတို့ပြည့်နှက်သွားခဲ့ရသည်။ တကယ် ဒီကလေးက ရပ်ကွက်သူရပ်ကွက်သားများ၏ချစ်မွှေးလေးပင်။
"အလိုလေး.. ညညမအိပ်ဘဲလိုက်သွားပြီး အခုမှ အိပ်ငိုက်နေတယ်ပေါ့... တုတ်စာမိတော့မယ်နော်..."
ဆရာတော်က ရုပ်တည်နှင့်ခြောက်လေတော့ မာန် ခဗျား မျက်နှာငယ်လေးဖြစ်သွားရသည်။
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။