ရေစက် Extra (1)

3.2K 74 1
                                    

သင်းပျံ့နေသော‌မွှေးရနံ့နှင့်အတူပွင့်နေသော စံပယ်ပင်လေး။ သူတို့ကိုဆုံစည်းစေခဲ့တာ ဒီစံပယ်ပင်ဘဲမလား။ သူသေချာဂရုစိုက်ရမည်။

"ကလေး...."

ခြံထဲကိုငေးကြည့်နေရာကနေ ဘေးကိုလှည့်ကြည့်လိုက်သည်။ သိပ်လှသောမျက်ဝန်းနှင့်သူ့အားမော့ကြည့်နေသော ဦး ကိုတွေ့လိုက်ရသည်။

"အွန်း ... ဦး "

" တစ်ခုခုဖြစ်လို့လား ... ပျော်စရာလား ဝမ်းနည်းစရာလား.."

" စံပယ်ပင်ကိုကြည့်နေတာပါ ... ပွင့်နေတာအများကြီးမို့လို့ ... "

သူ့အဖြေကိုကြားတော့ ဦးနှုတ်ခမ်းလေးကွေးကာပြုံးလာခဲ့သည်။

"ဘာများလဲလို့ ... စိတ်တောင်ပူသွားတာ..."

အခုတလော ဦး  ကသူ့မျက်နှာအရိပ်အကဲကိုအတော် ကြည့်ကာအကဲခတ်နေသည်။ ကောင်းလားဆိုးလား သူမသိပေ ။ သေချာပြောရရင် ဦး က သူ့ကိုမှီခိုစေချင်နေတာဘဲ ။ ဒါပေမဲ့ သူကလည်း အဲ့ မာန်ကိုမချနိုင်သေးဘူး။

"ဦး ကျွန်တော့်အပေါ်ကို အတော် လေး စိတ်နှစ်ထားတာဘဲ ..."

"ဘာဖြစ်သလဲ .... ကိုယ့်ချစ်သူအပေါ် ကိုယ်စိတ်နစ်တာ ဘယ်သူ့ကိုသွားထိခိုက်နေလို့လဲ "

"ဟင်း !!. ဦး အပေါ်စိတ်နစ်တော့ အတ္တဖြစ်တယ် ဦး ကျတော့ရော .. ဘာများထူးခြားသွားတာမို့လို့လဲ ..."

"အ့ဆို ... မကြိုက်ဘူးပေါ့..."

"ကြိုက်ပါတယ် .... ဘာဖြစ်ဖြစ်အဆင်ပြေတာမို့လို့ . ..."

"....."

မာန် က အစကတည်းက တည်တံ့သောမျက်နှာထာနှင့် အပြုံးနည်းသည်။ ဒီလိုမျိုးဖြေလာတော့ စည်းစိမ် စိတ်ထဲ မပျော်နိုင်ပေ။ တကယ်ဘဲ မာန့် အပေါ်ကိုအနိုင်ကျင့်သလိုဖြစ်နေပြီလား ။

"ကလေး..."

ခေတ်စကားတွေက တစ်နေ့ပြီးတစ်နေ့ပြောင်းလဲနေပေမဲ့ ထိုအမျိုးသမီး သုံးခဲ့သော "မောင်" ဆိုသော နာမကို သူလုံးဝသုံးမည်မဟုတ်။ ငယ်ငယ်တကည်းက ခေါ်ဆိုနေကျ ထိုအသုံးအနှုန်းကိုသာ သူသုံးမည်။

"ပြောလေ ဦး ..."

"ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြောလို့ရတယ် ... မာန် ဘာကိုမကျေနပ်သလဲ အလိုရှိသလဲ ကိုယ့်ကို အားလုံးပြောနိုင်ပါတယ် ..."

ရေစက်Where stories live. Discover now