"သာဓု သာဓု သာဓုပါကွယ်..."
အလှူဒါန ပစ္စည်းတို့အား ဆရာတော်ထံ ပင့်ကာ ကပ်လိုက်သည်။ သားအမိသုံးယောက်လုံးလည်း ပီတိတွေနှင့်ပြုံးပျော်နေကြတော့သည်။
"ညဇီးကွက်လေးတောင် ဒီအရွယ်ထိရောက်လာပြီဘဲ .. အဖြစ်အပျက်တွေက မနေ့တနေ့ကလိုဘဲနော်"
ဘုန်းဘုန်းက ပြုံးရင်းပြောနေသော်လည်း မပြုံးနိုင်သူက "ထစ်ချုံးမာန်"ပင်။ သူဘာကိုမှမမှတ်မိဘဲလေ။ ဆရာတော်ကို ဘယ်လိုပြန်ဖြေရမှာတဲ့လဲ။
သူမသား၏ အသံတိတ်နေပုံကို ရိပ်မိတော့ သူမကပင် ရိုသေစွာပြန်ဖြေလိုက်ရတော့သည်။"တင်ပါ့ဘုရား.. သားမာန် ထွားလာလိုက်တာ .. ဒါပေမဲ့ အဲ့နေ့ ကတည်းက သားက ဘာမှကိုမမှတ်မိတော့တာတော့ အတော်ဆိုးတယ်ဘုရား..."
"ဟေ... မမှတ်မိဘူးလား? ... "
မာန် ကိုကြည့်တော့ အတည်ပေါက်ကြီးဖြစ်နေတာမို့ ဘုန်းဘုန်းသက်ပြင်းချရတော့သည်။
"ဖြစ်တတ်ပါတယ် ဖြစ်တတ်ပါတယ် ... ငယ်ကလည်းငယ်သေးတော့ မေ့တာလည်း မဆန်းပါဘူးလေ... "
"အဲ့တုန်းက အတော်လေး ကုလိုက်ရတယ်လေ ကံသီပေလို့သာပေါ့ရှင်.."
မိခင်ဖြစ်သူက အပြုံးလေးနှင့်ပြောလာတော့ မာန် ကလည်း ယောင်ကာပြုံးလိုက်မိသေးသည်။
"ဒါတော့တာပေါ့.. ညဇီးကွက်လေးက ကံကောင်းတာလည်းပါမှာပေါ့လေ ... ဒါနဲ့ ဟို တကာလေးစည်းစိမ်နဲ့ရော တွေ့ပြီးပြီလား..."
"ဘယ်သူများလဲဘုရား.."
"အော် .. ရွာလယ်ပိုင်းက နှစ်ထပ်အိမ်ပိုင်ရှင်လေ .. ငယ်ငယ်က သားကို နာနတ်ယိုကျွေးနေကျလေ ပြီးတော့ သားမြို့ကို ပြောင်းပြီးသွားတဲ့နောက်ပိုင်းလည်း ဘုန်းဘုန်းကို သားအကြောင်းခဏခဏမေးနေတတ်တာကွဲ့..."
နှစ်ထပ်အိမ် ဆိုတာ အဲ့ဒီအိမ်တစ်လုံးတည်းရှိတာလေ။ အဲ့လူကြီးကလား။ အဲ့လူကြီးက သူ့အကြောင်းမေးတာတဲ့လား။ တကယ်ဘဲ အဲ့လူကြီးနဲ့ သူက ကြုံဆုံခဲ့ဖူးတာလား။
"ကျွန်တော်မမှတ်မိဘူး..."
"အေးရော...."
ဘုန်းဘုန်းက မျှော်လင့်ထားသလိုဖြစ်နေပြီမို့ ဘာစကားမှထပ်မပြောတော့ဘဲ သက်ပြင်းသာချနေပြန်သည်။ သူတို့ကံကြမ္မာသူတို့ဖန်တီးပါစေလေ။
ဝင်မရှုပ်တာဘဲကောင်းလှချည်ရဲ့။
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။