ရေစက် (14)

3K 102 1
                                    

"ဒီအိမ်မဆိုးဘူး.. ဘယ်လောက်နဲ့ရောင်းမလဲ..."

အထက်စီးဆန်ဆန် ငွေစကားပြောလာသောထိုအမျိုးသားအား စည်းစိမ် မျက်နှာလွဲလိုက်သည်။ ကလေး သာဆိုဒီလိုမပြောလောက်ဘူး။

"အားနာပါတယ် .. မရောင်းပါဘူး.."

"ကျုပ်လိုချင်ရင် ကျုပ်အပိုင် ဖြစ်လာရမှာဘဲ ... ငွေရဲ့ ဆယ်ဆပိုပေးမယ်..."

"အိုး... မင်းဘာသာမင်းဘယ်လောက်ချမ်းသာပြီး ငွေကြေးတတ်နိုင်ပါစေ ငါ့အိမ်ကိုမရောင်းနိုင်ဘူး တခြားနေရာသွားရှာချေ..."

"ကျုပ်က ဒီနေရာဘဲလိုချင်တာ .. ဝယ်ပြီးလို့နေစရာနေရာမရှိရင် ကျုပ်စီစဉ်ပေးမှာပေါ့ ... ကျုပ်က ဒုက္ခိတတစ်ယောက်အပေါ် အနိုင်ကျင့်ရတာမကြိုက်ပါဘူး..."

"!!..."

ထိုကောင်လေးကိုကြည့်မိတော့ သူ့ကို မဲ့ပြုံး ပြုံးပြနေခဲ့သည်။ တကယ်အမြင်ကတ်ဖို့ကောင်းပါဘိလေ

"ဒီမှာ .. အထက်တန်းစားရေ .. မင်းငွေကိုလည်း ငါဂရုမစိုက်နိုင်ဘူး .. ငါ့အိမ်ရှေ့မှာ ရပ်နေဖို့လည်း ခွင့်မပြုနိုင်တော့ဘူး .. ပြန်ပါတော့..."

"ကျုပ်နာမည်တော့မှတ်ထားပေါ့  "ထစ်ချုံးမာန်" တဲ့.. ခင်ဗျားဆီ မုန်တိုင်းတွေနဲ့ပြန်လာခဲ့မယ် ... "

"!!?...."

သူ့နားကို သူမယုံနိုင်အောင်ဖြစ်နေချိန်တွင် ထိုအမျိုးသားကတော့ ကျောခိုင်းကာထွက်သွားလေပြီး။

"ထစ်ချုံးမာန်"တဲ့လား။ ထိုအရွယ်ရောက်ပြီး မောက်မာဟန်ရှိတဲ့သူက 'ကလေး' တဲ့လား။ ကောင်းကောင်းကြီးပြင်းခဲ့တာကလွဲပြီး အားလုံးပြောင်းလဲသွားတာဘဲ။ အထူးသဖြင့် သူ့ကိုမေ့သွားပုံရသည်။ သူ့စကားကို သူမှတ်ရော မှတ်မိရဲ့လား။

"အဟက်!..."

စည်းစိမ် အက်ကွဲနာကျင်စွာရယ်လိုက်မိသည်။ ကိုယ်စောင့်မျှော်နေတဲ့သူက ကိုယ့်ကိုမမှတ်မိတဲ့ခံစားချက်ကို ဘယ်လိုနှိုင်းပြရမလဲ ။ သူဟာမှတ်မိရလောက်တဲ့အထိ အရေးမပါခဲ့တာများလား။ ဒီအချိန်ထိကို သူဘာတွေမျှော်လင့်ခဲ့မိပါလိမ့်..။

သူကတိတည်ပါတယ်   ပြန်လာခဲ့တယ် .. သူ့ဆီကိုတော့မဟုတ်ဘူးပေါ့...။

ရေစက်Where stories live. Discover now