ရေစက် (24)

2.7K 104 1
                                    

"!!!..."

ပြတ်သားစွာပြောလာသောစကားသံနောက် သူဒေါသတို့အနည်းငယ်ထွက်လာသည်။ မိမိကတိကို မိမိတည်ဖို့ရောက်လာတာကို ဒီလိုအပြောခံ နှင်ခံရတော့ ဒေါသထွက်တာမဆန်းပေ။  သူမြို့ကနေ ဒီရွာကိုရောက်ဖို့ ခရီးနှင်ရတာ လွယ်တာမှမဟုတ်ဘဲ။

"ခြေထောက်ဘယ်လိုနေသေးလဲ .. ဒေါက်တာကရော ဘာဖြစ်တာတဲ့လဲ ..."

"ဂရုစိုက်ဖို့မလိုပါဘူး... အဆင်ပြေနေတာမို့လို့  ဒီအတိုင်း ပြန်လိုက်တော့ !..."

"ဘာလို့ပြန်ဖို့ဘဲပြောနေရတာလဲ!!.."

ရုတ်တရပ်မတ်တပ်ရပ်ရင်း ဒေါသထွက်စွာပြောလိုက်မိသည်။ သူ့အသံအတော်မာသွားပုံရသည်။ ထိုလူက သူ့ကိုမျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လာသည်။

"ဟုတ်ပြီ .. မနေစေချင်ရင် ကျုပ်နဲ့လိုက်ခဲ့!.."

"ဘာ!... မင်းကိုယ်မင်းဘာစကားပြောနေတာလဲရောသိလား...ထစ်ချုံးမာန်.."

"သိတာမသိတာ အသာထား ကျုပ်သိတာ "ဦး" ကျုပ်နဲ့ လိုက်ခဲ့ရမယ်ဆိုတာဘဲ ...."

"မရူးစမ်းနဲ့!.. ငါ့အိမ်ကို ဘယ်တော့မှခွါမှာမဟုတ်ဘူး..."

"ဘာကလဲ .. ဟမ်း!.. ဘာက ဦး ကိုဒီလောက်ဆွဲထားလို့ ဒီအိမ်ကို မခွဲနိုင်မခွါနိုင်ဖြစ်နေရတာလဲ ...."

"အဲ့ဒါ ငါ့ကိစ္စလေ ... မင်းသိဖို့မလိုဘူး...."

"ကျုပ်သိလည်း အရေးမကြီးပါဘူး အဓိကက ဦး ကို ခေါ်သွားဖို့ဘဲ .... လိုက်မှာလားမလိုက်ဘူးလား...."

"မင်းဘယ်လိုခေါ်ခေါ် ငါလုံးဝမလိုက်နိုင်ဘူး ထစ်ချုံးမာန် .. ပြန်ပါတော့!.. ထပ်လည်းမလာခဲ့နဲ့ ...."

"ထပ်မလာအောင် ခင်ဗျားလိုက်ခဲ့လေ ... ဒါဆို ဒီနေရာကိုကျုပ်လာစရာအကြောင်းမရှိတော့ဘူး..."

"ငယ်ငယ်ကလို မင်းက သိပ်ခေါင်းမာတာ ..."
"သိရင်ပြီးတာဘဲ... လိုက်ခဲ့!...."

"မလိုက်!... မင်း!.. ဘာလုပ်တာလဲ!.. အောက်ချစမ်း!!.."

သူ့ကိုတစ်ခွန်းမကျန်ပြန်ပြောနေသော ထိုလူကြီးကို စိတ်မရှည်တော့စွာ ပွေ့ချီလိုက်သည်။ ဘယ်ငြိမ်နေမလဲ .... ရုန်းကန်တာပေါ့လေ။

ရေစက်Where stories live. Discover now