နန်းတော်သဖွယ်ကြီးမားသောစံအိမ်တွင်ဖြစ်သည်။ အပြင်ပိုင်းမှာ ရွှေကွပ်ထားသလိုတောက်ပြောင်လွန်းနေပါသော်လည်း အိမ်အတွင်းတွင်တော့ မနစ်မြို့စရာအငွေ့အသက်တွေမသိမသာဖုံးလွှမ်းနေပေလိမ့်မည်။
"ထူးထူးဆန်းဆန်း အိမ်ပြန်လာလို့ပါလား?..."
အသက်ကြီးပိုင်း အမျိုးသားတစ်ဦးက တည်ငြိမ်စွာဆိုဖာပေါ် ထိုင်ရင်းပြောလာခဲ့သည်။ ခွန်းစက္က ခပ်ရေးရေးပြုံးလိုက်သည်။
"အဲ့လိုလုပ်ဖို့မလိုပါဘူး... ဒယ်ဒီရော အားရဲ့လား"
"ဒီနှစ်ထဲအလုပ်တွေများနေတယ်ဆိုပေမဲ့ သားကပိုလို့တောင် အလုပ်များနေတာမလား အိပ်လိုက်စားလိုက်နဲ့လေ..."
ရွဲ့တည့်တည့်ပြောလာသော သူ့အဖေဟာ တစ်ခုခုကိုသတိပေးနေသလိုပင်။
"........"
"ဘာလဲ ငါမသိဘူးထင်နေတာလား ... မင်းအရက်တွေနဲ့ဘဲအချိန်ဖြုန်းနေတာ ငါသိထားပြီးသား .. ပြောစမ်းပါဦး.... အကြောင်းအရင်းလေး..."
ဖခင်စကားကြောင့် ခွန်းစက္က ဘာပြောရမလဲ မသိ၊အခက်တွေ့နေသည်။ ဒီအတိုင်း တည့်တိုးပြောလိုက်ရင်လည်း မကောင်းပေ။
"သခင်လေးက အသည်းကွဲနေတာပါ..."
"!!??..."
"ဘာ?..."
စောစက်ဝိုင်း စကားကြောင့် ကြောင်သွားရသော်လည်း သာမာန်လိုပင် ဟုတ်ကြောင်းပြရတော့သည်။
"ကောင်မလေးက သခင်လေးကိုထားခဲ့လို့ အသည်းကွဲပြီး အရက်သောက်နေရုံပါ သခင်ကြီး..."
"ဘာမဟုတ်တဲ့ ကောင်မလေးကြောင့် ဒီလိုသောက်နေစရာလား"
"သခင်လေးရဲ့ အချစ်ဦးမို့လို့ပါ..."
"???!!.."
အချစ်ဦး အထိတောင်ထည့်ပြောလာသော စောစက်ဝိုင်း အား ခွန်းစက္က မသိမသာမျက်စောင်းထိုးလိုက်သည်။
"ကျွန်တော် ခဏ အိပ်ဦးမယ် ဒယ်ဒီ ခေါင်းမူးနေလို့"
"အိပ်.."
ဆေးလိပ်ကြီးအား အသာယူကာပြန်ဖြေလာသော ဖခင်ကြောင့် ခွန်းစက္က အိမ်ပေါ်သို့တက်သွားတော့သည်။
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။