ရေစက် (40)

2.5K 81 0
                                    

မည်းမှောင်နေသော မြင်ကွင်းနှင့် ကျိန်းစပ်နေသော မျက်လုံးတစ်စုံ ။ အာရုံခံနိုင်လာသည်နှင့်အမျှ ပြင်းထန်လွန်းသော ဆေးအနံ့ကို ခံစားနေရသည်။ လေးလံနေသော မျက်ဝန်းတို့အား အားယူဖွင့်လိုက်သည်။ မှုန်ဝါးဝါးမြင်ကွင်းတွေကနေ ကြည်လင်လာကာ အဖြူရောင်မျက်နှာကျက်ကိုမြင်လိုက်ရသည်။

သူဘယ်ရောက်နေတာလဲ ။

"သခင်လေး .. နိုးပြီလား ..."

သခင်လေး? စိတ်စေရာအတိုင်းဘေးကိုလှည့်ကြည့်မိတော့ သူ့ကိုအပြုံးနှင့် စိုးရိပ်စွာကြည့်နေသော စောစက်ဝိုင်း ကိုတွေ့လိုက်ရသည်။

"မင်း...."

"စိတ်အေးအေးထားပါ .. ကိုယ်ပြောချင်တာတွေအရမ်းများတာမို့ ဒီအတိုင်း နား‌ထောင်ပေးပါနော်..."

"........"

သူဘာမှပြန်မဖြေမိ ။ အခုသူ့စိတ်တွေက တည်ငြိမ်နေကာ အဆမတန်ခုန်နေသော ရင်တစ်စုံကိုသာ သူခံစားနေရသည်။ သူ့ရင်တွေဘာလို့ အရမ်းခုန်နေရတာလဲ ။

ခွန်းစက္က မိမိရင်ဘတ်ကိုအသာကလေး ဖိထားလိုက်သည်။ သူတည်ငြိမ်အောင် လုပ်ပေးနိုင်တာ စောစက်ဝိုင်းတဲ့လား ။

"ကိုယ် .. စည်းစိမ် နဲ့တွေ့ခဲ့တယ် ..."

"......."

စောစက်ဝိုင်း မျက်ဝန်းတွေကိုအကဲခတ်ကြည့်မိတော့ တည်ငြိမ်နေသည်မို့ သက်ပြင်းချကာ ထပ်ရှင်းပြရန်ပြင်လိုက်သည်။

"ဒါတွေအားလုံးက သခင်လေးမိဘတွေကြောင့်ဖြစ်ရတာပါ သခင်လေးအပြစ်ရှိသလိုခံစားနေဖို့မလိုပါဘူးတဲ့ ... ဘယ်လိုဘဲဖြစ်လာပါစေ သခင်လေးတို့က ခင်မင်ရင်းနှီးနေတဲ့ သူငယ်ချင်တွေဆက်ဖြစ်နေဦးမှာပါဘဲ ..."

သူအနူးညံ့ဆုံးနှင့် အထင်မြင်လွဲစေသော စကားလုံးတို့ကို အတတ်နိုင်ဆုံးရှောင်ကာပြောနေသည်။ သူ့သခင်လေးမှာ စိတ်နဲ့ဆိုင်တဲ့ရောဂါတော်တော်များများဖြစ်နေသည်မို့ ။ စိတ်ထိခိုက်သွားလို့ လုံးဝမဖြစ်ပေ ။

"ပြီး‌တော့ သခင်လေး ကယ်လာတဲ့ ကလေးအဖေလည်း အခုကောင်းကောင်းနေနေရပြီ ... အခုအားလုံးအဆင်ပြေသွာပြီမို့ စိတ်.!!!...."

ရေစက်Where stories live. Discover now