ရေစက် (12)

3.1K 106 1
                                    

"နိုးလာပါတော့ .... သိသင့်တာတွေရှိတာမို့လို့ နိုးလာပါတော့ ..."

သူ တိုးတိုးလေးရေရွတ်နေသည်။ အကြိမ်ပေါင်းတစ်ထောင်တောင်ကပါ့မလားဘဲ။ သို့သော် ထိုလူသားဟာနိုးမလာခဲ့ပေ။
ဒီနေ့နဲ့ဆို 2 ပတ်ပြည့်တော့မည်။
နှုတ်ခမ်းမွေးရေးရေးလေးကို မရိတ်ဘဲ ထားလိုက်ပြီး သွေးတွေကိုဆေးကြောကာ အဝတ်အစားသပ်ရပ်စွာဝတ်လိုက်သည်။ သူကအသန့်ကြိုက်တယ်လေ။ အမြဲတမ်း သန့်သန့်ပြန့်ပြန့်နေဖို့မှာတတ်တာ။ ဇီဇာကလည်းကြောင်သေး...။
အားလုံးအပြီး ဆေးရုံသို့သွားရန်ကားပေါ်တက်လိုက်သည်။

"တင်း!!..."

ရောက်လာသော massage အားဖွင့်ကာကြည့်တော့ သူ့ရင်အစုံလှုပ်ခတ်သွားရသည်။ သူခပ်ရေးရေးပြုံးလိုက်ကာ ဆေးရုံသို့အရှိန်ပြင်းစွာမောင်းနှင်နေတော့သည်။ နောက်ဆုံးတော့ နိုးလာခဲ့ပြီလေ....။

"ဝုန်း!...."

"!!!???."

တံခါးအားဝုန်းခနဲမြည်အောင် ဖွင့်လာသောလူတစ်ဦး။ ခပ်ကောက်ကောက်ဆံသားနှင့်မျက်ဝန်းမှာဝမ်းသာရိပ်တစ်ချို့ပြေးလွှားနေသည်။ သို့သော် စောစက်ဝိုင်း မျက်နှာလွဲလိုက်သည်။ သူတစ်သက်လုံး ထိန်းချုပ်ဖို့ကြိုးစားထားတဲ့ ခံစားချက်တွေကို စကားတစ်ခွန်းတည်းနဲ့ ဖွင့်ချခဲ့တာလေ။ သူဘယ်လိုမျက်နှာချင်းဆိုင်ရမှာတဲ့လဲ ။

"နိုးပြီလား.. အဆင်ပြေရဲ့လား... နာကျင်မှုရော ခံစားရသေးလား"

"အဆင်ပြေပါတယ် သခင်လေး..."

လက်မောင်းအား ဖမ်းဆုပ်ထားသောလက်တို့ကို အသာလေးဖြေချကာ ပြန်ဖြေလိုက်သည်။

"တစ်ခုခုစားရအောင် ... မင်းဘာမှမစားရသေးဘူးလေ အားရှိ‌သွားအောင် .. ဆန်ပြုတ်သောက်ရအောင်..."

"....."

"ခွံကျွေးရမယ်ထင်တယ်...."

"အဆင်ပြေတာမို့လို့ကိုယ့်ဘာသာဘဲ စားပါမယ်..."

ဆန်ပြုတ်ပန်းကန်အား အသာယူလိုက်ကာ တစ်ဇွန်းချင်းစားလိုက်သည်။

"ညာလက်က လုံးလုံး အဆင်မပြေတော့ဘူးလို့ ဒေါက်တာပြောတယ် .. စိတ်မပူနဲ့ .. ပြန်ကောင်းအောင်ကုပေးမှာမို့လို့...."

ရေစက်Where stories live. Discover now