အနက်ရောင် ကုတ်ကိုလက်မှ ဆွဲကိုင်ပြီး အကျီ ကြယ်သီးကိုတပ်နေရင်းနှင့်ပင် အခန်းထဲမှ ထွက်လာသော ထစ်ချုံးမာန် ။"ဒီအခန်းထဲ ဘယ်သူမှမဝင်စေနဲ့ .. ငါပြန်မရောက်မချင်း ..."
"ဟုတ်ကဲ့ .."
အစေခံတွေကို ညွှန်ကြားကာ တံခါးရှေ့တွင်လည်း အစောင့် တစ်ချို့ချထားလိုက်သည်။ သူဒီလောက်ထိ မလုပ်ချင်သော်လည်း ဦး က ဒီလိုလုပ်ဖို့ကို အတင်းတွန်းအားပေးနေတာကြောင့်ပင် ။ နာကျင်အောင်မလုပ်မှာကို သိလို့ရောင့်တက်နေတာမျိုး။ သူခြောက်လန့်ရုံပါဘဲ ။ ဦး ဆန္ဒမရှိဘဲ ဘာကိုမှ သူလုပ်မှာမဟုတ်ဘူး ။ သူ အတ္တ ကြီးတာ မှန်သည် သို့သော် မြတ်နိုးသည်။
"သားမာန် .."
"!!!?..."
မိမိရှေ့ပေါ်လာသော မိခင်ဖြစ်သူကို ရုတ်တရပ်တွေ့လိုက်ရသည်။ သူနည်းနည်းအံ့သြသွားမိသည်။ သူ့ အမေက တစ်ယောက်တည်း ဒီကိုပြန်လာရဲသည်တဲ့လား ။
"မာမီ .. ပြန်ရောက်နေတာလား ..."
"အင်း .. အခုတင်ပြန်ရောက်တာ .. သား အလုပ်သွားတော့မို့လား .."
"ဟုတ်တယ် မာမီ .. လုပ်စရာတွေရှိနေသေးလို့လေ ..."
"အတော်ဘဲ .. မာမီလည်း သားအဖေအကြောင်းတိုင်ပင်စရာရှိနေလို့ သွားရင်းစကားပြောကြတာပေါ့ .."
"...."
ပုံမှန် သူ့ကို ဧည့်ခန်းထဲခေါ်ပြီးပြောနေကျကို အခုအပြင်အထိတောင်လိုက်ပြီး စကားပြောမယ်တဲ့လား ။ သူ့အမေ စိတ်ကို သူနားမလည်နိုင်ဖြစ်နေရသည်။ သေချာပေါက် ခေ သူမဟုတ်တာမို့ သူ့အကြောင်းကို သူ့အမေက သေချာပေါက်သိသည်။ ပြီးတော့ အဲ့အနူးညံ့ဆုံးအပြုံးနောက်ကွယ်မှာ သူ့ကိုတစ်ခုခုဖုံးကွယ်ထားတယ်ဆိုတာ မာန် သိသည်။သို့သော် မာန် တိုက်ရိုက်မမေးချင်ပေ ။ သူမကို အကြပ်မရိုက်စေချင်တာလည်း ပါကောင်းပါနိုင်မည် ။ သူ့ကိုဒီအချိန်ထိ အလိုလိုက်အကြိုက်ဆောင်ပေးခဲ့တဲ့ မိဘ ကို သူအာခံဖို့ဆိုတာ မီးပင်လယ်ထဲလက်ပစ်ကူးရသလိုမျိုး ။
"ဒုန်း!!ဒုန်း!!! ဒုန်း !!.."
တံခါးကို တစ်ဒုန်းဒုန်းထုနေသော လူတစ်ဦး။ သူ့လက်တွေ နီရဲနေကာ ထုံကျင်နေခဲ့ပြီ ။ အခုထိ ထုရိုက်ဆဲပင် ။
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။