"တီး!... တီး!.. တီး!..."
စက်သံတစ်တီးတီးနှင့် ဆေးနံ့အသက်တို့ပြည့်နေသော ဆေးရုံခန်းတစ်ခု။ VIP အခန်းတွင်ဖြစ်ကာ အိပ်ခန်းလိုပင်ဖြစ်နေသော ထိုဆေးရုံကုတင်ပေါ်တွင်လူတစ်ဦး လှဲလှောင်းနေခဲ့သည်။
"Boss ... Mr.မာန် နိုးမလာရင် ဘယ်လိုလုပ်မလဲ..."
အတွင်းရေးမှူး စကားကြောင့် အာဏာစက်ဝန်း မျက်မှောင်ကြုတ်လိုက်သည်။
"မနိုးလာလို့မရဘူး ... နိုးလာမှဖြစ်မှာ ... ဒီတရားခွင်ထဲ ငါခြေချလို့မရဘူး...."
"ဒါပေမဲ့ သူအခုလိုကိုမာဝင်နေတာလေ ... နိုးဖို့ကြာလောက်တယ် ..."
"ငါအေးဆေးစဉ်းစားပါရစေဦး!... အပြင်ကိုထွက်တော့...."
"ဟုတ်ကဲ့ boss ..."
အတွင်းရေးမှူးကို တစ်ချက်ဟောက်လိုက်ကာ အပြင်ထွက်စေလိုက်သည်။ ပရောဂျက်ကိစ္စကို ကိုင်တွယ်လို့တောင်မပြီးသေးဘူး အခု တရားစွဲတာတောင်ပါလာပြီး။
ရှေ့မှာ မေ့မြောနေသော ထစ်ချုံးမာန် အားကြည့်ကာ သက်ပြင်းချလိုက်သည်။ မင်းနိုးပြီး ကိုင်တွယ်မှရတော့မယ် ထစ်ချုံးမာန် ...။ ငါပါဝင်လို့မဖြစ်ဘူး...။"နိုးလာစမ်းပါ ... သကောင့်သားလေးရဲ့"
ခပ်ဆတ်ဆတ် တစ်ချက်ဆဲဆိုမိလိုက်သည်။ သူကတော့ မျက်မှောင်ကြုတ်နေတုန်းပင်...။
"......."
"!!!?.....မာန်!... နိုးပြီလားဟမ်း!..."
ကြည့်နေရင်း လှုပ်ရှားလာသော လက်တစ်စုံကြောင့် အာဏာစက်ဝန်း ဆိုဖာပေါ်မှထကာ ကုတင်ဘေးသို့သွားလိုက်သည်။
မျက်မှောင်ကြုတ်ကာ သူ့အား ကြည့်လာသော မဟူရာလိုမျက်ဝန်းတစ်စုံကြောင့် အာဏာစက်ဝန်း ပျော်ရွှင်သွားရသည်။"ဒေါက်တာ!.... ဒေါက်တာ !..."
သူဒေါက်တာကို လှမ်းခေါ်ကာ စစ်ဆေးခိုင်းလိုက်တော့သည်။
တိတ်ဆိတ်လွန်းနေသလို သူ့နှလုံးခုန်သံကိုတောင်သူပြန်ကြားနေရသည်။ ထပ်ပြီး နားစွင့်ကြည့်မိတော့ စက်သံတစ်ခုက နားညီးလောက်အောင် တစ်တီးတီးမြည်နေခဲ့သည်။
"......."
ကျိန်းစပ်နေသော မျက်လုံးတို့ကို အသာအားယူကာဖွင့်ကြည့်လိုက်သည်။ စူးဝင်လာသော မီးရောင်က သူ့ကို မျက်ရည်ကျစေသည်အထိ မျက်လုံးကိုစူးစေသည်။ ဖြူလွလွ မျက်နှာကျက်ကို မြင်လိုက်ရပြီး
YOU ARE READING
ရေစက်
General Fictionရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။