ရေစက် (29)

2.5K 100 1
                                    

"!!!!?...."

သူ့ကိုအထိတ်တလန့်လှည့်ကြည့်လာသော မျက်ဝန်းညိုအား စေ့စေ့ကြည့်လိုက်သည်။ သူဒီလိုမျိုး အကြပ်အကိုင်ချင်ပါဘူး ။ ဒါပေမဲ့လည်း မတတ်နိုင်ဘူး ။

"အခုငါ့ကို အကြပ်ကိုင်ဖို့တောင် မင်းတတ်နေပြီပေါ့ ဟုတ်လား ထစ်ချုံးမာန် ..."

"ဦး သာလက်ခံရင် အကြပ်ကိုင်စရာကို မလိုတာ ..."

"ငါမနေနိုင်ဘူးလို့အကြိမ်ကြိမ်ပြောခဲ့ရက်သားနဲ့ ငါ့ကိုဘာလို့လွှတ်မထားနိုင်ရတာလဲ .. မင်းအတွက်ဘာအကျိုးရှိမှာမို့လို့လဲ ..."

"အကျိုးရဖို့အတွက် ကျွန်တော့်အနားမှာထားတယ်ထင်နေတာလား ....ဦး လုံခြုံဖို့အတွက်ဘဲ ..."

"ငါ့အတွက် မင်းတွေးဖို့မလိုပါဘူး ... ငါအဆင်ပြေနေတာမို့လို့ ပြန်ပို့ပေးပါ..."

"မပြန်ပို့နိုင်ဘူး ... ပြီးတော့ နေစရာ ကျွန်တော့်အိမ်ကလွဲပြီး အဲ့အိမ်ကိုဖြိုခိုင်းလိုက်ပြီးသား ..."

"ဘာ?....."

ဖြိုလိုက်ပြီတဲ့လား ။ အဘွားအမွေပေးထားတဲ့ အဲ့အိမ်ကိုလေ ...။

"မင်း ...ဘယ်လိုတောင်လုပ်နိုင်ရတာလဲ ဟမ်း ?..."

"ဦး ကျွန်တော့်အနားရှိနေဖို့ အဲ့ထပ်ပိုတာတောင် လုပ်နိုင်သေးတယ် ..."

"ရူးနေလား ထစ်ချုံးမာန် .... မင်းရူးနေလား ... ငါကမင်းအတွက်ပြောနေတာရော သိရဲ့လား .."

"မသိဘူး သိလည်းမသိချင်ဘူး ..."

"ဘာ?... မသိချင်ဘူးဟုတ်လား ...."

"ဖြောင်း!!!!..."

ပေါ့ပျက်ပျက်ဆက်ဆံနေသော ပုံစံက စည်းစမ် ကိုဒေါသထွက်စေသည်။ ပြေပြစ်သောပါးပြင်ထပ် ဒုတိယ အကြိမ်သူရိုက်ချလိုက်မိသည်။ ဒီလောက်ဘဲ မိုက်မဲစမ်း ကလေး ။

"မင်း အက်စီးဒင့် ခဏခဏဖြစ်နေတာ ဖြစ်ရိုးဖြစ်စဥ်လို့ထင်နေတာလား .. အဲ့ဒါ ငါ့ကြောင့်ဘဲ ငါကိုကကံဆိုးနေတာ ..."

"ဦး ကဘာလို့အဲ့ကံကိုဘဲယုံနေရတာလဲ.... ကျုပ် ကားအက်စီးဒင့်ဖြစ်တာ ဦး နဲ့လုံးဝမပတ်သတ်ဘူး..."

အသံတို့မာလာကာ တဖြည်းဖြည်းခက်ထန်လာခဲ့သည်။ သူက သူသိခဲ့တဲ့ နူးညံ့ဖြူစင်တဲ့ကလေးမဟုတ်တော့တာကို သူမေ့နေခဲ့တာဘဲ ။

ရေစက်Where stories live. Discover now