Part 1

34.4K 828 94
                                    


သစ်လွင်သောဆူး

အပိုင်း (၁)

#သစ်လွင်သောဆူး

08241238

"ရှင်နဲ့ဆိုရင် ညိုမလိုက်နိုင်ဘူး.."

"ဘာဖြစ်လို့လဲ ...မိုးတွေလည်း စိုနေပြီလေ.."

ညို ပြောရမှာ အားနာလို့ မျက်လွှာချရင်း မျက်တောင် ပုတ်ခတ်ကာ ခဏ စဉ်းစားလိုက်သည်။

မပြောလို့လည်း မဖြစ်သလို ပြောဖို့လည်း မသင့်တော်..။

အမေတို့ ညီမလေးတို့ကို ပြောရင်လည်း စိတ်မကောင်းဖြစ်မှာ..။

ညို က အစ်မကြီးမို့ ဖြူ စိတ်ညစ်အောင် ပြောပြတာထက် ပြဿနာတွေကို ကိုယ်ကပဲဦးဆောင် ဖြေရှင်း ပေးချင်မိပါသည်။

အဓိက ဖြစ်နေတဲ့ လူကို ပြောဆို တားဆီးရမဲ့ ကိစ္စပဲလေ..။

"ဟို..ဘယ်လိုမှ မအောင်မေ့ပါနဲ့နော်...ညို ဒီစကားကို ပြောရတာ ဟို စေတနာ စော်ကားသလို ဖြစ်ရင် တောင်းပန်ပါတယ်...မဟုတ်မမှန်တဲ့ စကားဆိုရင်လည်း ညို့ကိုပဲ စိတ်ဆိုးပါနော်...ဖြူလေးနဲ့လည်း မဆိုင်ပါဘူးနော်.."

"ဟုတ်ပါပြီ...ပြောပါ...မိညိုရဲ့..."

ရင်းနှီးလွန်းတဲ့ အခေါ်အဝေါ်မှာ ရယ်သံကလည်း စွပ်နေတော့ ညို ပြောဖို့ နည်းနည်းတွန့်သွားကာ အားနာမိပြန်သည်။

ကလေး တစ်ယောက် အဖေ မုဆိုးဖို ဆိုပေမဲ့ ရုပ်ရည် ချောမော ခန့်ညားပြီး ညိုတို့ထက် အဆပေါင်းမျာစွာ  ချမ်းသာတဲ့ လူကြီးလူကောင်း တစ်ယောက်။

ညီမလေးနဲ့လည်း မကြာခင် လက်ထပ်တော့မှာ...။

ညို အထင်ဖြင့် ပြောလိုက်လို့ စိတ်ဆိုးသွားရင် ဖြူလေး ဘဝအတွက်လည်း မတွေးဝံ့စရာပါပဲ..။

ညို မပြောတော့ဖို့သာ ဆုံးဖြတ်လိုက်မိပြန်သည်။

"မိုးစိုကုန်ပြီ..ဒီဘက်တိုးလေ..."

'အို...မကိုင်ပါနဲ့...ညို...ကျွန်မ..မကြိုက်ဘူး.."

ညိုဆိုတဲ့ အသုံး အနှုန်း ကို ပြောင်း ပြီး ကျွန်မလို့ သုံးလိုက်ကာ ပခုံးပေါ် ရောက်လုနေတဲ့ လက်ကိုလည်း ပခုံးနိမ့် ရှောင်လိုက်ရသည်။

သစ်လွင်သောဆူးWhere stories live. Discover now