Part 2

12.6K 579 79
                                    


သစ်လွင်သောဆူး

အပိုင်း (၂)

#သစ်လွင်သောဆူး

08240824

'မိညို...ငြိမ်လှချည်..မိညို မဟုတ်တဲ့ အတိုင်းပဲ..."

အပြာရောင် သင်္ဘောဆေးသုတ်ထားတဲ့ ဝါးကုလားထိုင်ပေါ်မှာ ထိုင်ကာ လိမ္မော်ရောင်ဖြစ်နေတဲ့ တိမ်တိုက်တွေကို ငေးကြည့်ရင်း ဘွားထွေး စကားကြောင့် တစ်ချက်ရယ်မိသည်။

ဟုတ်ပါရဲ့..။

မိညိုက မိညို မဟုတ်တော့သလိုပဲလေ..။

ဒီကို လာလည်ရင် ခြံထဲမှာ ပတ်သွား အသီးတွေခူးလိုက် စားလိုက်..။

ဈေးထဲလည်း နှံ့အောင်လျှောက်လည်သေးတာ..။

အခုလို ထိုင်နေဖို့ဆိုတာ မအပ်စပ်တဲ့ကိစ္စလိုပါပဲ..။

အခုတော့ ကောင်းကင်ကို ထိုင်ငေးနေရတာကိုပဲ ညို အရသာ အတော်တွေ့နေသည်..။

မိုးတိတ်သွားကတည်းက ပုံသဏ္ဍန်အမျိုးမျိုးပြောင်းပြီး မြန်မြန်ဆန်ဆန် ပြောင်းလဲ ရွေ့လျားနေတဲ့ တိမ်တိုက်တွေကို ငေးကြည့်ရတာ ညို့အတွက်တော့ ပျော်စရာကောင်းနေသည်။

ညို့ပုံစံက တိမ်တိုက်တွေကို ခုမှ တွေ့ဖူးတဲ့ကလေးတစ်ယောက်နဲ့တောင် တူနေနိုင်သည်လေ..။

"မောနေလို့လား..သမီးညို..'

"မမောပါဘူး...ဘွားထွေးရဲ့...'

"သိပါဘူးအေ..ညည်းအမေက စိတ်ချတာ မဟုတ်ဘူး..ကျုပ်ကိုလည်း သေချာ မှာထားခဲ့တာ...အခုလို ညည်း ငြိမ်နေတာ တွေ့ပြန်တော့ စိတ်မကောင်းသလိုလိုပဲ..."

"ညို နေကောင်းပါတယ်...ခုနောက်ပိုင်း ဘာဖြစ်တာလဲ မသိဘူး..လူတွေနဲ့ ဝေးတဲ့နေရာမှာ ပိုပျော်သလိုပဲ...ခုလို တစ်ယောက်တည်းနေရတာကို ပဲ ပိုကြိုက်လာတာ...ဘွားထွေးရဲ့...တိတ်ဆိတ်ငြိမ်သက်နေတာလေးကို အရသာတွေ့ပြီး ပျော်နေတာ..တစ်ယောက်တည်းဆို အရမ်းပျော်သလိုပဲ...ညိုတော့ အသက်ကြီးသွားပြီ ထင်ပါတယ်...ဘွားထွေးရယ်..."

"အမလေး..တစ်ကိုယ်တည်း သမား ကျုပ်တောင် တစ်ခါမှ ခုလို မတွေးပါဘူးအေ...အေးပေါ့...ဖျတ်လတ် လာတာ လူဖြစ်ကတည်းကဆိုတော့ တစ်ခါတလေလည်း တည်ငြိမ်စိတ်ဝင်ပေးဦးမှပဲ..ကျုပ်တော့ ရထားလမ်းဖြတ်ကူးပြေးပြီး ကုန်စိမ်းတောင်းတွေ လုဝယ်ပေးတဲ့ ကောင်မလေးကို မြင်ယောင်မိတယ်...ပင်ပန်းခဲ့ရတာတွေ များတော့ ခုလိုနေနိုင်တာပဲ ဝမ်းသာရမယ်..."

သစ်လွင်သောဆူးWhere stories live. Discover now