သစ်လွင်သောဆူး
အပိုင်း (၁၈)
#သစ်လွင်သောဆူး
09100538
“……….”
ညို ကျောပေးအိပ်နေပေမဲ့လည်း အခန်းတံခါးဆီကို လှည့်ကြည့်မိသည်။
မီးရောင်လင်းနေတဲ့ နာရီဆီကို အကြည့်ရောက်သွားတော့ တစ်နာရီတောင် ထိုးတော့မည်။
အိုး..သူ လာမအိပ်တာ ပိုတောင် ကောင်းသေးတာပဲ..။
ငါက ဘာလို့ အ်ိပ်မပျော်ဖြစ်နေတာလဲ..။
ညို ကိုယ့်ကိုယ်ကို ဒေါသထွက်ပြီး စောင်ကို ခေါင်းအထိ ခြုံလိုက်ကာ မျက်လုံးတွေကို ဖိမှိတ်ထားလိုက်သည်။
မနက်တုန်းက စိတ်ဆိုးသွားတာများလား..။
ညို့အသိထဲမှာ သောမတ်ဆိုတဲ့ အင်္ဂလိပ် လူမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး..။
သူက နိုင်ငံခြားသား ရုပ်နဲ့ ဆင်တာ ဆိုတော့ သူက သောမတ်ပဲ ထားပါဦး..။
ညို က အဲ့သောမတ်ဆိုတဲ့ လူကို ဘယ်တုန်းကမှ မသိခဲ့တာကို ဘာလို့ မယုံရတာလဲ..။
မေမေ့ကို မေးကြည့်တော့လည်း သမီး မေ့သွားတာ နေမယ် တဖြည်းဖြည်း ပြန်တွေးကြည့်ပေါ့တဲ့..။
ဘယ်လို မေ့နိုင်ရမှာလဲ..။
ညို က ဒီလောက် ညဏ်ကောင်းတာ..။
ဖိုးဖိုး ရိုက်လို့ ခြေသလုံး မှာ အနာဖြစ်တာလည်း မှတ်မိသလို မာလာသီး ရောင်းတိုင်း ဇော်ဇော် က တစ်လုံးခိုးစားတာလည်း မှတ်မိသည်လေ..။
သောမတ်တဲ့..။
ညို သက်ပြင်းဖွဖွ ချလိုက်သည်။
ဆံပင် အရောင် မျက်နှာကျက အင်္ဂလ်ိပ်ဆန်ဆန်နောက်ပြီး အညိုလိုလို အစိမ်းလိုလို မျက်လုံးအရောင်..။
ဖြူ နဲ့ပတ်သက်ပြီး စသိချိန်တုန်းကတော့ ညီမလေးယောက်ျားရ ကံကောင်းတယ် လူချောပဲလို့ တွေးမိသေးတာပေါ့..။
ညို သိတဲ့ အနောက်တိုင်းဆန်ဆန် လူကြီးလူကောင်း ပုံစံကနေ ဘယ်လိုဖြစ်ပြိး အယုတ်တမာ အရိုင်းအစိုင်းဖြစ်သွားလဲ မသိပါဘူး..။
YOU ARE READING
သစ်လွင်သောဆူး
Randomသစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာဖြစ်ချင်တာလဲ..." "ညို့ကို ချစ်တာ..." "ရူးနေလား.." ညို အသံကုန် အော်ပစ်လိုက်တော့ သူက သက်ပြင်း တစ်ချက်...