Part 41

8.2K 457 94
                                    

သစ်လွင်သောဆူး

အပိုင်း (၄၁)

#သစ်လွင်သောဆူး

09300244

“……….”

အိပ်ပျော်နေတဲ့ သား ကို တစ်ချက်နမ်းလိုက်ပြီးနောက် တစ်ထည်တည်း ရှိသော စောင်လေးကို လွမ်းခြုံပေးလိုက်သည်။

ညို နည်းနည်း လှုပ်တာနဲ့ နိုးသွားမဲ့ အဖေနဲ့သားကြားမှာ ငြိမ်သက်နေမိသည်။

ညို့ ခါးပေါ် သောမတ်စ် က လက်တင်ထားလို့ ခေါင်းလှည့်ကာ ငှဲ့ကြည့်လိုက်ချိန် ညို့ ပခုံးပေါ် မျက်နှာကပ်မတက် နီးကပ်နေပြီ..။

တစ်စွန်းတစ်စသာ မြင်ရတဲ့ သူ့မျက်ခုံးကို ညို ငေးကြည့်ရင်း မျက်ရည်က ပြည့်လာလို့ မျက်နှာပြန်လှည့်လိုက်ရသည်။

ညို သိထားတာ သောမတ်စ်က ညို့အပေါ်မှာ ဘယ်တုန်းကမှ မေတ္တာ မရှိခဲ့ဘူး..။

ညို အတင်းအကြပ် ခြိမ်းခြောက်လို့သာ ညို့ကို မဖြစ်မနေ လက်ထပ်ထားရတာ…။

“ငါ့သားနဲ့ ငါ့ကို ခွဲထားတယ်…အဲ့ကောင် က ငါ့ကို နည်းနည်းမှ ချစ်တာ မဟုတ်ဘူး..ဖြူရဲ့….ငါ့ကို မုန်းနေတာ…သူက နင့်လိုမျိုး လှလှပပ ဖြူဖြူချောချောလေးတွေကို ချစ်တာ..သူ့အရင်ကောင်မလေးကို ခုချိန်ထိ စွဲလမ်းနေတုန်းပဲ…”

“အရင်ကတော့ ဖြူလည်း မသိဘူး…ဒါပေမဲ့ ဝိုင်းဝိုင်းလေး မွေးပြီးကတည်းက အစ်ကို က မမ ကို ချစ်တဲ့ပုံပါပဲ…အရမ်းလည်း စိတ်ပူတက်တယ်…ဂရုလည်း စိုက်ပါတယ်…”

“အမလေး..ဘာဂရုစိုက်လဲ…ငါ နေချင်တဲ့ နေရာနေ သေချင်တဲ့ နေရာသေပဲ…လွှတ်ထားတာကိုများ..”

“မမ အိမ်မှာ မရှိတိုင်း  ဖုန်းဆက်မေးတာကျတော့ကော..”

“သြော်… ငါက ဆေးရောင်းနေရင်… အဲဒါ သူ အမှုပတ်မှာ စိုးလို့နေမှာပေါ့..”

“မမ ကလည်းလေ…အစ်ကို့ကို ဆို အကောင်းကို မမြင်ဘူး..ဘေး က ဖြူနဲ့မေမေတောင် အစ်ကို အစ်မအပေါ် ဘယ်လောက် ဂရုစိုက်လဲ ခံစားလို့ရတာပဲ..”

“နင်တို့က အပေါ်ယံပဲ မြင်တာကိုး..တော်ပြီ..ပြန်တော့မယ် …”

“မမ စိတ်ပြေလက်ပျောက်ဆိုလည်း အိမ်ကိုပဲ လာပါနော်…ဘယ်မှ လျှောက်မသွားနဲ့နော်…”

သစ်လွင်သောဆူးWhere stories live. Discover now