Part 11

9.1K 547 113
                                    

သစ်လွင်သောဆူး

အပိုင်း (၁၁)

#သစ်လွင်သောဆူး

09050344

"မေမေ....ဝိုင်းဝိုင်းတို့ ပြန်ရောက်ပြီ ခင်ဗျ..."

ညို တစ်နေ့ကုန် အေးချမ်းနေသော်လည်း ညနေခြောက်နာရီဆို သားအဖ နှစ်ယောက် ပြန်ရောက်လာပြီ ဆိုတာနဲ့ အလုပ်များရတာ လေးရက်တောင် ရှိနေပြီ..။

ညို မပြန်မချင်း သူတို့လည်း ပြန်ဖို့ အစီအစဉ် မရှိဘူး ထင်ပါရဲ့..။

အနေအစား ခက်ခဲတာတောင် အိမ်မပြန်ပဲ ပေတေ နေတော့ ညိုကသာ အိမ်ပြန်ပြေးချင်စိတ်ပေါက်နေပါပြိ..။

မနက်ဖြန် ဆိုရင်တော့ ဘွားထွေးလည်း ပြန်လာပါပြီလေ..။

ညို ဖတ်လက်စ စာအုပ်ကို စာမှတ်ကဒ်လေး ညှပ်ပြိး ခုံပေါ် ချကာ အိမ်ရှေ့ဘက်ကို ထွက်သွားတော့ သားအဖ နှစ်ယောက် အိမ်အတက်အဆင်းမှာ ဖိနပ် ထိုင်ချွတ်နေကြသည်။

ခြေအိတ်တွေကို တစ်ခါတည်း လျှော်တာလည်း သူတို့ အလုပ်ပါပဲ..။

ညနေ ပြန်လာရင် ရေတစ်ခါထပ်ချိုးပြီး ခြေအိတ်နဲ့ အတွင်းခံကိုတော့ ကလေးကို သူ့အဖေက ကိုယ်တိုင်လျှော်ခိုင်းသည်လေ..။

အိမ်ရှေ့ခန်းက ထောင့်ဘက်မှာလည်း လက်ဆွဲအိတ်က သုံးလုံးလောက် ဖြစ်နေပြီ။

တစ်နေ့ တစ်နေ့ အိမ်ကပြန်သယ်လာတဲ့ အ၀တ်အစား အသုံးအဆောင်တွေကလည်း အတော်လေး များနေပြီ..။

"သား...မေမေ့ကို ပေးလိုက်ဦး.."

ကလေး က ဖိနပ် အရင် ချွတ်ပြီးလို့ တက်လာတာကို သူက ထိုင်ချွတ်ရင်း ပြောတော့ ညို နားမလည်စွာဖြင့် ကလေးကို ကြည့်မိသည်။

ကလေး က နောက်မှာ ဖွက်လာတဲ့ လက်ကို ရှေ့ထုတ်ပြတော့ နှင်းဆီပန်းစည်း ဖြစ်နေသည်။

"‌မေမေ့အတွက်..."

"......"

ညို ပြုံး၍ ခေါင်းညိတ်ကာ ပန်းစည်းလေးကို ပွေ့ယူလိုက်ပြီး စိတ်နဲ့ ရေတွက် ကြည့်မိချိန် နှစ်ဆယ်ခုနှစ်ပွင့်ပါပဲ..။

ဘာဖြစ်လို့ ဒီလိုပဲ ပေးနေတာလည်း မသိဘူး.။

ပို့စကတ်လေးလည်း ပါတော့ ဆွဲယူပြီး ဖတ်ကြည့်လိုက်မိသည်။

သစ်လွင်သောဆူးWhere stories live. Discover now