Part 6

9.8K 526 69
                                    

သစ်လွင်သောဆူး

အပိုင်း (၆)

#သစ်လွင်သောဆူး

08281033

“ကလေး က လိမ်မာတယ်လေ..”

“မေမေ သွားမှာမလား..”

“မသွားပါဘူး..အန်တီ ဘယ်မှ မသွားဘူးနော်..ဒီမှာပဲ ရှိမယ်..”

“……..”

ညို ချော့ပြီး ပြောပေမဲ့လည်း နှုတ်ခမ်းလေးစူပြီး ခေါင်းငုံ့ထိုင်နေတာ့ သက်ပြင်းဖွဖွ ချလိုက်မိသည်။

ကိုယ်က ကလေးတွေနဲ့ ပတ်သက်ရင် စိတ်က ရှည်တက်တာ မဟုတ်ဘူး..။

ကလေးမှ မဟုတ်ပါဘူး လူကြီးတွေနဲ့လည်း မပတ်သက်ပဲ တစ်ယောက်တည်း နေမှသာ စိတ်က ပျော်တက်တာ..။

အခုကျတော့ ကလေးက ကိုယ့်ကို ချစ်လို့ တွယ်တာလို့ ဆိုတာ သိသော်လည်း အချိန်ပြည့် နီးကပ်နေတာ ပင်ပန်းသည်။

ဒီကြားထဲ ဓမ္မတာလည်း ဖြစ်နေတော့ စိတ်က မူသိပ်မှန်ချင်တာ မဟုတ်ဘူးလေ..။

“…..”

“အန်တီ…ကတိပေးတယ်…ပရော့မစ်နော်…”

“ပရော့မစ်…”

မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးလေးနဲ့မော့ကြည့်ပြီး ပြောတော့ ညို ခေါင်းကို အခါခါ ညိတ်ပြနေရသည်။

ကျောင်းချိန်နီးလို့မှ မပြင်မဆင်ရသေးရင် မလွယ်ဘူး..။

သူ့အဖေကလည်း အမေ မရှိတော့လို့သာ အလိုလိုက်နေတာ တကယ်တော့ စိတ်က လက်တဆစ်သမားမှန်း ၀န်ထမ်းတွေကို စကားပြောပုံနဲ့တင် ညို သိနေပါပြီ..။

“မြန်မြန်လုပ်နော်…ဒယ်ဒီ က စိတ်တိုနေရင် ကလေး ကို ရိုက်လိမ့်မယ်..”

“……..”

ညို ပြောတာကို ခေါင်းညိတ်ပြီး ည၀တ်အကျီ င်္ကို ကြယ်သီးဖြုတ်နေတော့ ညိုလည်း ကူဖြုတ်ပေးလိုက်ရသည်။

အကျီ င်္ချွတ်နေချိန် သူ့အဖေက တံခါး၀ကို ရောက်လာပြီမို့ ညိုတို့ နှစ်ယောက်စလုံး မျက်လုံးပြူးသွားသည်။

“သား…ဒီနေ့ မန်းဒေးဆိုတာ မသိဘူးလား…ဘာလို့ ဘာမှ မလုပ်ရသေးတာလဲ…”

သစ်လွင်သောဆူးWhere stories live. Discover now