သစ်လွင်သောဆူး
အပိုင်း (၅)
#သစ်လွင်သောဆူး
08270936
“ရှင်တစ်ခုခု ပြောဦး ….ရှင် ကျွန်မကို ကတိပေးထားတာလေ…ရှင် ကျွန်မကို ခေါ်တုန်းက ဘာပြောခဲ့လဲ…”
“လက်ထပ်မယ်လို့..”
“ဘာ…”
ညို ခုတင်ပေါ်မှာ ဆေးသွင်း နေရပေမဲ့လည်း စိတ်ရှိတိုင်းသာဆို အဲလို အေးစက်စက် မျက်နှာထားနဲ့ပြောထွက်တဲ့ သူ့မျက်နှာကို စုတ်ပြတ်သွားအောင် ကုတ်ဖဲ့ချင်နေသည်။
ညို့ရဲ့ ဒေါသ မျက်လုံးတွေကို စိုက်ကြည့်ပြီးမှ လက်ပိုက်ထားတာ ကို ဖြုတ်ပြီး လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်သေးသည်။
“မဟုတ်လို့လား…တို့ မပြောခဲ့လို့လား…အန်တီကော ဖြူကော ကြားတယ်…မင်းပဲ မကြားတာနေမယ်..”
“ရှင် တော်တော် မျက်နှာ ပြောင်တဲ့သူပဲ…ရှင် ချစ်တာ….ဖြူလေ….ကျွန်မ မှ မဟုတ်တာ…ကျွန်မလည်း ရှင်လို လူကို လုံး၀ မချစ်ဘူး…ဘာကိစ္စ လက်ထပ်ရမှာလဲ…”
“တို့ ကလည်း မင်းကို ဘာကိစ္စ လက်ထပ်ရမှာလဲ…”
“အဲဒါ ရှင် သွားပြောလေ…လူကြီးတွေကို…”
“သူတို့က ဖြစ်သင့်တာကို စီစဉ်နေတာပဲ…မင်း နဲ့ တစ်ညအိပ်ပြီးသား ယောက်ျားကို ညီမနဲ့ အတင်းပေးစားချင်နေတာ…မင်း က အစ်မအရင်းတောင် ဟုတ်ရဲ့လား..”
ညို မှာ နှလုံးသား တည့်တည့်ကို နာကျင်ဆူးနစ်စေတဲ့ စကားမို့ ဘာမှ မပြောနိုင်ပဲ မျက်ရည်သာ ကျလာသည်။
မပြောခဲ့ဘူးလား..။
မသင့်တော်ပါဘူးလို့ အကြိမ်ကြိမ် အခါခါ ငြင်းခဲ့တာပါ..။
မေမေ ကော ဖြူကော အတင်းတွေ တိုက်တွန်းလို့ နေမကောင်းတဲ့ လူမမာ ကလေးအတွက် လိုက်လာခဲ့ရတာ..။
အခုကျမှ မဖြစ်မနေ လက်ထပ်ရမယ်ဆိုပြီး ဖြစ်လာသည်..။
“မင်းကို ဖြူ စကားပြောပြီးပြီမလား…သူ့မှာ တခြားချစ်သူ ရှိနေတယ်..အဲလို တခြားတစ်ယောက်ကို သဘောကျ ချစ်မြတ်နိုးနေတဲ့ မိန်းမ တစ်ယောက်ကို ငါ လုံး၀ မယူနိုင်ဘူး..”
YOU ARE READING
သစ်လွင်သောဆူး
Randomသစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာဖြစ်ချင်တာလဲ..." "ညို့ကို ချစ်တာ..." "ရူးနေလား.." ညို အသံကုန် အော်ပစ်လိုက်တော့ သူက သက်ပြင်း တစ်ချက်...