Part 36

8.6K 492 68
                                    

သစ်လွင်သောဆူး

အပိုင်း (၃၆)

#သစ်လွင်သောဆူး

09230147

“ညို…”

“……..”

သောမတ်စ် ခုတင်မှာ ထိုင်ရင်း ခေါ်လိုက်တော့ မျက်လုံးဖွင့်ကြည့်သည်။

အပူချိန်တိုင်းတဲ့ ကရိယာတွေက အဆင့်မြင့်စွာ ရှိနေသော်လည်း ခံစားသိရှိနိုင်တဲ့ လက်ဖဝါးဖြင့်သာ နဖူးပေါ် တင်လိုက်မိသည်။

“မောလား..ညို..”

သောမတ်စ် လက်ကို ဆွဲကိုင်ပြီး ဖယ်ချရင်း ခေါင်းရမ်းပြပေမဲ့ စိတ်တော့ပူရသည်။

“သား ပြန်မလာသေးဘူးလား..”

“အင်း…စောသေးလို့…”

“ငါ နေကောင်းပါတယ်ဆို…အလုပ်မသွားဘူး…”

“တို့ က စိတ်မချတာလေ…”

“ရွံစရာ…”

ညို က မျက်နှာနွမ်းနေတာတောင် နှာခေါင်းရှုံ့ပြီး ပြောတော့ သောမတ်စ် ရယ်မိသည်။

ဆံပင်လေးတွေ ကို သပ်ပေးလိုက်ပြီး ထိုင်ရာကနေ ထရပ်လိုက်သည်။

“တစ်ခုခု စားလိုက်လေ….ပူတင်းစားမလား…”

“အင်း..အဲဒါပဲ ကောင်းပါတယ်… ချဉ်ပေါင်ရွက်ရှာလို့ရရင် ငါ ခြံထဲမှာ စိုက်ကြည့်ဦးမယ်..ကိုယ်တိုင်ခူးပြီး ချက်စားချင်တယ်…”

“စိုက်ကြည့်ပေါ့…ဝိ နဲ့ မှားပြီး အဖမ်းခံရဦးမယ်…”

“အဟက်..ဟုတ်တယ်နော်…”

အိမ်ကို လွမ်းနေမှန်း သိတာကြောင့် ခေါင်းလေးကို ဆွဲပြီး နဖူးကို ဖွဖွ နမ်းပေးကာ အခန်းထဲက ထွက်လာခဲ့လိုက်သည်။

အိမ်ရှေ့ဘက်ကို ရောက်တော့ ပြတင်းပေါက် လိုက်ကာတွေကို တင်လိုက်ပြီး မီးဖိုချောင်ထဲ ၀င်ရသည်။

သောမတ်စ် ရှပ်အကျီ င်္လက်ကို ခေါက်လိုက်ပြီး ရေခဲသေတ္တာထဲက ပေါင်မုန့်ထောပတ်နဲ့ကြက်ဥတွေကို ထုတ်၍ စီချလိုက်သည်။

ရာသီတုပ်ကွေးဖြစ်မှာစိုးလို့ တစ်အိမ်လုံး ဆေးသွားထိုးခဲ့သော်လည်း မိညို က ခေါင်းမာပြီး မထိုးခဲ့တာ ခုတော့ ဖျားပြီ..။

သစ်လွင်သောဆူးWhere stories live. Discover now