Part 26

9.6K 546 96
                                    

သစ်လွင်သောဆူး

အပိုင်း (၂၆)

#သစ်လွင်သောဆူး

09140416

“အ…အစ်ကို….”

“……..”

သောမတ်စ် လပ်တော့ကြည့်နေရင်းက မျက်လုံးပင့်ကြည့်လိုက်တော့ အထိတ်အလန့် မျက်ခုံးလေးပင့်ပြီး မျက်လွှာချသွားသည်။

“ဘာဖြစ်တာလဲ…ညို…တို့ကို ဘာပြောချင်လို့လဲ…ပြောလေ…”

“ဟို..ဟို..ညို အိမ်ခဏပြန်ချင်လို့ပါ…”

“အိမ်ပြန်မယ်..ဒါက ညို့အိမ်လေ…“

“မေမေတို့အိမ်…ပြန်ချင်…လို့ပါ..”

သောမတ်စ်ကို မကြည့်ပဲ ခေါင်းငုံ့နေရင်းက မပွင့်တပွင့်ပြောနေတော့ ဆိုဖာကနေ ထရပ်ပြီး အနားကို လျှောက်သွားလိုက်သည်။

မေးဖျားကို မော့ယူလိုက်တော့ မျက်၀န်းနက်မှာ မျက်ရည်ပြည့်ပြီး နာဖျားလေးက နီနေပြီ..။

ညိုက အခုလို အလန့်တကြားပုံစံလေးနဲ့ ငိုတက်တယ်တဲ့လား…။

မဖြစ်နိုင်လိုက်တာ…။

“မသာကောင်..အဖြူကောင်…ဂုတ်ချိုးသတ်မယ်…”

သူအရမ်းခံစားရအောင် ပြောလိုက်မိရင်တောင် မျက်၀န်းမီးတောက်တွေနဲ့ ကြည့်ပြီး ကျိန်ဆဲနေတက်တာ…။

သောမတ်စ် ရင်ထဲမှာ မွန်းကြပ်လောက်အောင် သတိရမိတဲ့အခါ ရှေ့က ညို့ကိုပဲ ဆွဲပွေ့ဖက်လိုက်မိသည်။

“ဟင့်…”

သောမတ်စ် စိတ်ထဲမှာ မသက်သာတော့ တင်းကြပ်နေအောင် ဖက်လိုက်ပေမဲ့လည်း ညို့ကိုယ်လေးက လှုပ်ပြီး ငိုနေပြီ..။

“ညို…တို့ကို မုန်းနေလို့လားဟင်…ဟုတ်တယ်မလား…ညို တို့ကို မချစ်တော့ဘူးမလား…”

“……”

“ညို့ကို တို့အရမ်းသတိရတယ်…ညိုရယ်…တို့ သိပ်လွမ်းတာပဲ…”

သောမတ်စ် တမ်းတမွတ်သိပ်စွာ ဖြင့် ညို့ကို ၀န်ခံတောင်းပန်နေသော်လည်း ညို ကြားရပါ့မလား မသေချာဘူး..။

ညို ကတော့ သောမတ်စ်ဆိုတာ သူစိမ်း တစ်ယောက်လိုပါပဲ..။

“တအား မငိုပါနဲ့  ညို…မနက်ဖြန်ကျရင် တို့လိုက်ပို့ပေးမယ်လေ…ဖြစ်တယ်မလား…”

သစ်လွင်သောဆူးWhere stories live. Discover now