သစ်လွင်သောဆူး
အပိုင်း (၁၉)
#သစ်လွင်သောဆူး
10101010
“ရပြီ…မလိုတော့ဘူး…”
ညို့နားထဲ အသံတွေကို ခပ်တိုးတိုးလေး ကြားနေရသည်။
တဖြည်းဖြည်း ကျယ်လာကာ လက်မောင်းကို တစ်ခုခု ဖျစ်ညစ်ထားသလိုလည်း ခံစားလို့ရလာသည်။
“ဟုတ်တယ်….ပရက်ရှာကျတာ…”
ညို့ ရင်ဘတ်ပေါ်ကို တစ်စုံတစ်ခု ရောက်လာတော့ မျက်လုံးကို အားယူကာ ဖွင့်ကြည့်မိသည်။
အဖြူရောင် မျက်နှာကျက်ကြီးကိုသာ တွေ့ရသည်။
ဘယ်ကိုရောက်နေတာပါလိမ့်…။
ငါ အရက်သောက်တာ များလို့ သေပြီလား…။
ဒါမှမဟုတ် အမောဖောက်ရင်း သေသွားတာလား..။
ညို လတ်တလော အခြေအနေကို ပြန်တွေးကြည့်မိတော့ ဆုံးဖြတ်ရခက်စွာ မွန်းကြပ်လာပြန်သည်။
“တို့လည်း ညို့ကို ရူးမတက်ချစ်တာပါ…ညို…တို့ပြောတာ နားထောင်…တို့ ညို့ကို သိပ်ချစ်တယ်…”
ပြောမိပြောရာ ခံစားချက်မဲ့တဲ့ စကား ဆိုတာတောင် ညို သတိရတာနဲ့ ပြုံးမိသွားသည်။
ညို…အရမ်းမောလာပြီး လှေကားပေါ်က ပြုတ်ကျသွားတာပဲ…။
ငါ တကယ်သေသွားခဲ့တာပဲ….။
ကောင်းပါတယ်…အရာအားလုံး ကောင်းသွားတာပေါ့..။
ရှင်ကွဲကို မခံစားနိုင်တဲ့အခါ သေကွဲက ပိုသက်သာသလိုပဲ။
ဝိညာဉ်ဘဝမှာ ရှိသေးရင်တော့ တစ်ခေါက်လောက် ပြန်ကြည့်လို့ ရရင် ကြည့်ချင်သေးတယ်။
သူတို့ ရှိမှာ မဟုတ်တော့ပါဘူး…။
ညို မေမေ့ကို သတိရမိပြန်သည်။
ပြီးတော့ ဖြူ…။
အချစ်ဆုံးတွေကို ခွဲခွာရတာ ခက်ခဲမယ်ထင်ပေမဲ့ ခုတော့ လွယ်ကူလိုက်တာ။
ကောင်းတယ်…သေတာ အကောင်းဆုံးပဲ။
ညိုညိုလွင်ဆိုတဲ့ ပြဿနာ အရှုပ်ထုပ် ၀န်ထုတ်၀န်ပိုးကြီး လျော့သွားကြပြီပေါ့..။
YOU ARE READING
သစ်လွင်သောဆူး
Randomသစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာဖြစ်ချင်တာလဲ..." "ညို့ကို ချစ်တာ..." "ရူးနေလား.." ညို အသံကုန် အော်ပစ်လိုက်တော့ သူက သက်ပြင်း တစ်ချက်...