သစ်လွင်သောဆူး
အပိုင်း (၂၂)
#သစ်လွင်သောဆူး
09121126
“သောမတ်…ငါတို့ လက်ထပ်စာချုပ်လိုတယ်လေ…”
သိပ်မကြာခင် လီလီ နဲ့ လက်ထပ်ပါမယ်ဆိုတဲ့ စကားကို ပွင့်ပွင့်လင်းလင်း ပြောပြထားတာတောင် လက်ထပ်စာချုပ်တဲ့..။
ဘယ်လောက်တောင် မျက်နှာပြောင်လိုက်သလဲ..။
“မင်း က သိပ်စိတ်ကူးယဉ်တာပဲ ညို…တို့လက်မခံတဲ့ ကလေးကို မင်းက မွေးချင်တာမလား…တစ်ယောက်တည်းမွေးပေါ့…”
“သြော်…ကလေး က ငါ တစ်ယောက်တည်း ဖန်တီးလို့ ဖြစ်လာတာလား..”
သောမတ်စ် တစ်ချက် လှည့်ကြည့်လိုက်တော့ ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြပြန်သည်။
“မင်း သိပ်ရိုင်းတယ်…အဲလို ရိုင်းစိုင်းတဲ့ မိန်းမ ကို တို့ သိပ်မုန်းတယ်…မင်းလို မိန်းမ နဲ့ လုံး၀ လက်မထပ်နိုင်ဘူး…မင်းကိစ္စတွေကိုလည်း တို့ စိတ်မ၀င်စားတော့ဘူး..မင်း ပြန်သင့်နေပြီ…ဒီကလေး မွေးချင်ရင်မွေး..ပိုက်ဆံလို ချင်ရင်ပြော…ဒီထက် ပိုပြီး ပတ်သက်စရာ မရှိဘူး..”
“နင် ငါ့ကို မောင်းထုတ်နေတာလား…သောမတ်…”
“ဟုတ်တယ်…မင်းအပေါ် တို့ သူငယ်ချင်းအဖြစ် အကောင်းဆုံး နေပေးပေမဲ့ မင်းက ကြောက်စရာ ကောင်းတဲ့ မိန်းမပဲ ညို…တို့အဲလို မိန်းမ ကို ….”
သောမတ်စ် ရွံတယ် ပြောမထွက်ပဲ စကားတွေကို ရပ်တန့်လိုက်ရတော့သည်။
ကလေး တစ်ယောက် ဖြစ်တည်လာရုံနဲ့ မဖြစ်မနေ ပတ်သက်ပေးရမှာကို သောမတ်စ် လက်မခံနိုင်ပါ..။
ကိုယ့်ဘက်က မှားသမျှ ကို တာ၀န်ယူပေးလိုက်ပြီးပြီ..။
ကလေးတောင် မဖြစ်သေးလို့ ရှင်းပစ်ဖို့ကိုလည်း လက်မခံဘူး..။
ကလေး မွေးချင်ရင် မွေးလိုက် ငွေကြေး ကိစ္စ တာ၀န်ယူမယ်ဆိုတော့လည်း လက်မခံဘူး..။
လက်ထပ်စာချုပ်လောက်နဲ့ လက်ထပ်ပေးပါတဲ့..။
သောမတ်စ် လက်ထပ် မဲ့ မိန်းကလေးက သူ့လို မိန်းမ လုံး၀ မဖြစ်နိုင်ဘူး..။
YOU ARE READING
သစ်လွင်သောဆူး
Randomသစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာဖြစ်ချင်တာလဲ..." "ညို့ကို ချစ်တာ..." "ရူးနေလား.." ညို အသံကုန် အော်ပစ်လိုက်တော့ သူက သက်ပြင်း တစ်ချက်...