Part 33

10.3K 567 149
                                    

သစ်လွင်သောဆူး

အပိုင်း (၃၃)

#သစ်လွင်သောဆူး

09210128

"......"

"သား..."

ညို မနက်နှိုးလာချိန်မှာလည်း ဆေးရုံခန်းထဲက သားပုံသဏ္ဍန်ကို မြင်ယောင်ရင်း အလန့်တကြား ထထိုင်မိသည်။

အခန်း အနေအထားကို တွေ့တော့မှသာ သားနေကောင်းသွားပြီဆိုတာ သတိရရင်း သက်ပြင်းတစ်ချက် ချလိုက်ရသည်။

"....."

ညို ကိုယ်ပေါ်က စောင်ကို ဖယ်ချလိုက်ပြီး သားအခန်းကို သွားဖို့ အိပ်ရာပေါ်က ဆင်းကာ ဖိနပ်၀တ်လိုက်ချိန် မွှေးပျံ့နေတဲ့ အနံ့တစ်ခုကို သတိထားမိသည်။

အကြည့်ဝေ့၀ဲကာ ရှာမိလိုက်ချိန် ခုတင်ခြေရင်းက ဆိုဖာပေါ်မှာ နှင်းဆီပန်းစည်းတွေ့ရသည်။

ဘယ်လိုဖြစ်ပြီး ပန်းစည်း က ဒီကို ရောက်နေတာပါလိမ့်..။

သူ တစ်ယောက်ယောက်ကို ပေးဖို့ အတွက်လို့ ယူဆလိုက်မိသည်။

နှင်းဆီပန်း ရဲရဲတွေကို တွေ့ရတော့ မွေးနေ့တုန်းက တောင်းခဲ့မိတာ သတိရသည်။

ပို့စကတ်တောင် မပါတဲ့ ပန်းစည်းလေးကို ညို တကယ် မြတ်နိုးတန်ဖိုးထားခဲ့မိတာ...။

အခန်းထဲကို တစ်ပတ်ကြည့်လိုက်တော့ သူ့ကို မတွေ့တာနဲ့ အနားကို သွားလိုက်သည်။

ဆိုဖာပေါ်က ပန်းစည်းကို ကောက်ယူစပ်စုကြည့်ရင်း တွဲလောင်းချိတ်ထားတဲ့ ကဒ်လေးကို ဆွဲယူကာ ဖတ်ကြည့်မိသည်။

သိပ်ချစ်မြတ်နိုးရပါသော ညို့ အတွက်..။

"I love you, my dearest wife"

လက်ရေး မလှမပနဲ့ ရေးထားတဲ့ စာကြောင်း နဲ့ လက်ရေးလှလှ ရေးထားတဲ့ အင်္ဂလိပ်စာတန်းကို ဖတ်မိတော့ ညို နှာခေါင်းရှုံ့မိသွားသည်။

ညို ရေတွက်ကြည့်ရင်း နှင်းဆီပန်းပွင့် နှစ်ဆယ့်ခုနှစ်ပွင့် ဖြစ်နေတော့ နှုတ်ခမ်းက ပြုံးမိသွားပြန်သည်။

"မှတ်မိသားပဲ..."

ညို လက်ထဲက ပန်းစည်းကို နေရာ ပြန်ချပြီး အခန်းထဲက ထွက်ဖို့ ခြေလှမ်းပြင်နေချိန် ရေချိုးခန်း တံခါးဖွင့်လာတော့ လှည့်ကြည့်မိသည်။

သစ်လွင်သောဆူးWhere stories live. Discover now