Part 20

9.3K 478 92
                                    

သစ်လွင်သောဆူး

အပိုင်း(၂၀)

#သစ်လွင်သောဆူး

09110826

“ကလင်…ကလင်….ကလင်…”

ဥရောပ အငွေ့အသက်တွေ ပြည့်နေတဲ့ လမ်းမကျယ်ကြီးမှာ သားအရွယ် ကလေးတစ်ယောက် စက်ဘီးနင်းကာ ဖြတ်သွားသည်။

သားရဲ့ ကလေးဘဝက တခြားကလေးတွေနဲ့ မတူပဲ ကြီးပြင်းခဲ့ရသည်။

သောမတ်စ် သက်ပြင်းချလိုက်သည်။

ကွာရှင်းဖို့တဲ့…လွယ်လိုက်တာ။

ညို့ကို စိတ်အဆင်မပြအောင် မပြောချင်တော့လို့ ဟိုတယ် အောက်ဘက် ကော်ဖီဆိုင်ကို ထွက်လာရပေမဲ့ စိတ်ထဲမှာတော့ စကားလုံးတွေ ပြည့်နေသည်။

"…………"

သောမတ်စ် အတွေးတွေနဲ့ စိတ်ရှုပ်နေချိန် ခရီးသွား မိသားစု တစ်စုက သောမတ်စ် ထိုင်နေတဲ့ ကော်ဖီဆိုင်ရှေ့မှာ ဓာတ်ပုံ ရိုက်ကြသည်။

လူတိုင်းလိုလို ပြုံးပျော်နေတာပဲ..။

လူတိုင်း ပြုံးပျော်နေတာကို ကြည့်ရင်း လွန်ခဲ့တဲ့ နှစ်များတုန်းက ကျောင်းသားဘ၀နဲ့ ခရီးထွက်ရင်း ပျော်ခဲ့ရတာတွေကို ပြန်တွေးမိသည်။

အဲ့အချိန်တုန်းက ခရီးထွက်လိုက်တာ လွတ်လပ်ခြင်းရဲ့ နောက်ဆုံး မှတ်တိုင်များလား..။

ကျောင်းတက်နေရင်း ဒယ်ဒီ့အလုပ်မှာ ၀င်ကူရင်း အသက် ဆယ်ရှစ်၀န်းကျင်က စလို့ သောမတ်ရဲ့ လူငယ်ဘ၀ အလိုလို ပျောက်ကာ အလုပ်မှာ နစ်မှန်း မသိ နစ်လာခဲ့လိုက်တာ…။

ကျောင်းပြီးတာနဲ့ မာမီနဲ့ဒယ်ဒီ အားကိုးတကြီး မျှော်လင့်ထားသမျှကို ရိုက်ချိုးခဲ့မိသည်။

လူငယ်ဘ၀လူငယ်စိတ်ပဲ ရှိချိန် မိဘတွေ ဘယ်လိုခံစားရမလဲ မတွေးတက်ခဲ့ပဲ အချစ်ကိုသာ ရွေးချယ်ခဲ့သည်။

သူဌေးသမီးမို့ နိုင်ငံမတူသော်လည်း မာမီ ကတော့ ကာကွယ်ပေးလိမ့်မည်လို့ မျှော်လင့်မိသမျှ လွဲသည်။

သောမတ်စ်တို့ နိုင်ငံမတူသော်လည်း သစ္စာရှိရှိချစ်ကြသည်။

ငါးနှစ်လောက် တွဲပြီးရင် လက်ထပ်မယ်လို့လည်း ဆုံးဖြတ်ထားသည်။

သစ်လွင်သောဆူးWhere stories live. Discover now