Part 38

7.5K 445 77
                                    

သစ်လွင်သောဆူး

အပိုင်း (၃၈)

#သစ်လွင်သောဆူး

09230913

“ဟလို…‌မေမေ…”

သားရဲ့ မျက်နှာလေးကို ဖုန်းမျက်နှာပြင်မှာ တွေ့ရတော့ ညို အမောပြေသွားသည်။

“သား ညစာ စားပြီးပြီလား..”

“ဟုတ်ကဲ့ စားပြီးပါပြီ ခင်ဗျ…”

“ပီဇာလား…”

“မဟုတ်ပါဘူး ခင်ဗျ…ဒယ်ဒီ က ဝိုင်းဝိုင်းကို ဘီဘီကျူ…အသားကင် ၀ယ်လာခဲ့တယ်…’

“အိုး…ဒယ်ဒီ့ သဘောတွေ ကောင်းနေတာပဲ….ဘယ်ကောင်မလေးနဲ့ ဒိတ်လာတာလဲ မသိဘူး..”

“ဟီး..ဟုတ်ပါဘူး…ခင်ဗျ…”

သား က သွားကြဲရယ်ပြီး ပခုံးလေး ကျုံ့ကာ ငြင်းတော့ ညိုလည်း ရယ်မိသည်။

"မေမေ က ဒါစားနေတာ…"

ညို့ရှေ့က ပန်းကန်ကို ဖုန်းထောင်ထားတဲ့ ရှေ့ကို သေချာ တိုးပြလိုက်တော့ သားက သေချာ ကြည့်နေသည်..။

“အဲဒါ ဘာတွေလည်း မေမေ…”

“လက်ဖက်သုပ်လေ…”

“ကောင်းလား..မေမေ…”

“ကောင်းတာပေါ့….”

“မေမေ ကြိုက်တာလား…”

“အင်း….ကြိုက်တာပေါ့…”

“ဝိုင်းဝိုင်းက အဲဒါကို မသိဘူး…”

“ဟား..ဟား..လက်ဖက်အရွက်ကို သားသိတယ်မလား…တီးလေ…အဲဒီ့ အရွက်ကို သုပ်တာပေါ့…”

သားက ခေါင်းညိတ်ပြီး သေချာ ကြည့်နေပြန်လို့ ပန်းကန်ကို သေချာ ထောင်ပြရပြန်သည်။

“ဘက်…ဘာလို့ဘလက် ဖြစ်နေတာလဲ မေမေ…”

သား က ခေါင်းစောင်းပြီး စပ်စုနေတော့ ညို အသည်းယားလို့ ရယ်နေမိတာ အခန်းဖော်ကို သတိရတော့မှသာ အသံလျော့လိုက်ရသည်။

“လက်ဖက် အရွက် အစိမ်းကို ခူးပြီး နပ်လိုက်လို့ အဲလို ဖြစ်သွားတာလေ…”

“သြော်…အို‌ကေ…ဘက်…အစိမ်းရောင်ကနေ ပြောင်းသွားရင်  ဖရက်ရှ် မဖြစ်တော့ဘူးလေ…ဆိုး..နေ့တိုင်းမစားသင့်ဘူးနော်….”

သစ်လွင်သောဆူးWhere stories live. Discover now