Part 12

8.9K 509 89
                                    

သစ်လွင်သောဆူး

အပိုင်း (၁၂)

#သစ်လွင်သောဆူး

09061045

“မေမေရေ…မေမေ…မေမေ မရှိဘူးလား…”

“ဒီမှာလေ…”

ပန်းခြံထဲက အသံပေးလိုက်တော့ ငိုမဲ့မဲ့ဖြစ်နေတဲ့ ကလေး က မယုံနိုင်သလိုဖြင့် ပါးစပ်လေးဟကာ အိမ်၀ကနေ ပြန်လှည့် ပြေးထွက်လာသည်။

ညိုလည်း စားပွဲပေါ်တင်ထားတဲ့  ပန်းလေးတွေကို ယူပြီး ရှေ့ဘက်ကို ထွက်လာခဲ့လိုက်သည်။

“မေမေ…”

“အဟွင်း..”

ကျောင်း၀တ်စုံနဲ့ ပြေးလာပြီး ဖက်လိုက်တော့ ညို ပြုံးရင်း ပြန်ပွေ့ဖက်ပေးလိုက်ရသည်။

“ဝိုင်းဝိုင်းက မေမေ မပြန်လာသေးဘူး တွေးနေတာ…ဒယ်ဒီက မေမေ အိမ်မှာပဲ ရှိတယ်တဲ့…ဝိုင်းဝိုင်း က…မေမေ ပြန်မလာသေးရင် မေမေ့ဆီကို လာမလို့…မေမေ့ကို တွေ့တော့မှ အများကြီး ပျော်သွားတာ ခင်ဗျ..ဟီး…”

သူ့ရင်ဘတ်ကို ဖိပြီး သေချာလေး ရှင်းပြနေတော့ ညို သဘောကျစွာဖြင့် ပါးလေးကို ဖွဖွ ဖျစ်လိုက်သည်။

ခပ်ပွပွ ဖြစ်နေတဲ့ ဆံပင်လေးတွေကိုလည်း သပ်ပေးလိုက်ကာ  ပခုံးလေးပေါ် လက်တင်ဖက်၍ အိမ်ဘက်ကို ပြန်ခေါ်ခဲ့ရသည်။

“ဝိုင်းဝိုင်း မေမေ နဲ့ နေဦးမယ်နော်…ပြီးမှ ထမင်းစားပြီး စာဖတ်မယ်နော်…ရတယ်မလား မေမေ…”

ဆရာမတွေ ၀န်ထမ်းတွေက အဆင်သင့်စောင့်နေပြီဆိုတာ သိသော်လည်း ညို စည်းကမ်းဖောက်ကာ ခေါင်းညိတ် လက်ခံပေးမိပါသည်။

ကလေး က ပျော်ပြီး ခုန်ဆွဆွ လုပ်နေတော့ ညိုလည်း သဘောကျလို့ ရယ်မိသည်။

“တီချယ်…ဝိုင်းဝိုင်း မေမေ နဲ့ ခဏနေလိုက်ဦးမယ် ခင်ဗျ…”

“ကျွန်မတို့ကို နာရီ၀က်လောက် အချိန်ပေးပါနော်..”

“ရပါတယ်…မမညို…ဒါဆို သားသား အခန်းမှာပဲ တီချယ် စောင့်နေမယ်နော်…”

“ဟုတ်ကဲ့ခင်ဗျ…”

ဆရာမ ခွင့်ပြုလိုက်တာနဲ့ ညို့လက်ကို ဆွဲပြီး အခန်းဆီကို ခေါ်သွားပြီမို့ လိုက်သွားရတော့သည်။

သစ်လွင်သောဆူးWhere stories live. Discover now