သစ်လွင်သောဆူး
အပိုင်း(၂၈)
#သစ်လွင်သောဆူး
09170910
“စိတ်ချပါ…သားရယ်…သားကလည်း မြေးလေး တစ်ဖက်နဲ့ သူ့ကိစ္စ အမေ တာ၀န်ယူပါရစေ…”
“…….”
“ဆေးဖိုးဝါးခတွေ အကုန် သားပေးနေတာပဲလေ…နောက်ပြီး…သမီးညို က…အရမ်းပင်ပန်းခဲ့တာပါ…အမေ က တာ၀န်မကျေနိုင်ခဲ့တဲ့ အမေပါ….သားက မဖြစ်မနေ ပြောင်းရမှာဆိုတော့ သူနဲ့ မြေးကိုလည်း ခေါ်သွားမှာပဲ မလား…အမေတို့ သူနဲ့ မဝေးခင် မိခင်မေတ္တာလေး ပေးချင်လို့ပါ သားရယ်…”
“……”
“ဟုတ်ပါတယ်…အစ်ကို…မမ နေပျော်သလောက် နေပါစေ အစ်ကိုရယ်…ဖြူ နဲ့ မေမေ သေချာ အနီးကပ် ပြုစုပါ့မယ်…”
“……”
သောမတ်စ် စကားလုံးတွေကို နားထောင်ရင်း အိပ်ပျော်နေတဲ့ ညို့မျက်နှာကိုသာ စူးစိုက်ငေးကြည့်နေမိသည်။
ဆရာဝန် ဆုံးဖြတ်လိုက်တာ သူသတိရတဲ့ ပတ်၀န်းကျင်မှာပဲ နေသားကျအောင် ထားပြီး အချိန်ယူပြန်ချည်းကပ်ပါတဲ့…။
ညို က အရေးပေါ်ခန်း ရောက်သွားပြီး ပြန်သတိရလာတော့ အကုန်မှတ်မိတယ်ဆိုပေမဲ့ သောမတ်စ်ဆိုတာလည်း မသိသလို သားကိုလည်း မသိ ဖြစ်သွားပြန်သည်..။
ဒီတစ်ကြိမ် ဆေးရုံက ပြန်ခွင့်ရတာနဲ့ အန်တီ့အိမ်ကိုပဲ ပို့ပေးလိုက်ရမှာ ကို သောမတ်စ် စိတ်မချဖြစ်နေမိသည်။
“အစ်ကို့အိမ်ကို ခေါ်သွားရင်..မမ ထပ်သတိလစ်လိမ့်မယ်…”
ဖြူက အနီးကပ်ပြုစုပေးပြီး စိတ်လှုပ်ရှားတိုင်း အကြိမ်ကြိမ် သတိမေ့နေတဲ့ ညို့အကြောင်းကို နားလည်နေပြီမို့ ဖြူ ပြောတာကို လက်ခံရပါသည်။
“အစ်ကို စိတ်ပူလို့ပါ…ဖြူ…ညို က သူ နှလုံးရောဂါ ဖြစ်နေတယ်ပဲ ထင်တာ..တကယ်က သူ့စိတ်က ဖြစ်နေတာ…သူ အသက်ရှုမ၀ဘူးလို့ တွေးလိုက်တာနဲ့ ချက်ချင်း အသက်ရှုမရတော့တာမျိုး… …အောက်ဆီဂျင်ကလည်း အချိန်တိုင်းလိုနေတာ...”
“ဟုတ်….ဖြူ နားလည်ပါတယ်…ကိုကိုကလည်း သူ့အသိ တစ်ယောက်ကို ကူညီပေးဖို့ ပြောထားပါတယ်….ဒီက ဒေါက်တာနဲ့ နာစ်ကလည်း မမ ကျန်းမာရေးနဲ့ ပတ်သက်သမျှကိုလည်း ဖြူ့ကို သေချာ သင်ပြပေးထားပါတယ်….မမကို ဖြူတို့နဲ့ ခဏထားပေးပါနော်….မမ က ဖြူ့ကြောင့် အများကြီး ပင်ပန်း ရုန်းကန်ခဲ့ရတာပါ..ကျောင်းတက်ရင်းနဲ့ အလုပ်တွေ လုပ်ပြီး တစ်ခါမှ နားနားနေနေ ကျော့ကျော့မော့မော့ နေခဲ့ရတာ မဟုတ်ပါဘူး…အခုလို အခြေအနေ ဖြစ်နေတဲ့ မမ ကို ဖြူ ပြုစုပေးချင်လို့ပါ….ဖြူ တောင်းပန်ပါတယ်…မမ က အိမ်မှာ နေချင်တာကို နေခိုင်းပါ အစ်ကိုရယ်….”
YOU ARE READING
သစ်လွင်သောဆူး
Randomသစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာဖြစ်ချင်တာလဲ..." "ညို့ကို ချစ်တာ..." "ရူးနေလား.." ညို အသံကုန် အော်ပစ်လိုက်တော့ သူက သက်ပြင်း တစ်ချက်...