Part 14

8.9K 473 77
                                    

သစ်လွင်သောဆူး

အပိုင်း (၁၄)

#သစ်လွင်သောဆူး

09070833

“မေမေ ရှုံးပြီ..”

“အို…သားသား က လူလည်လုပ်တာပါနော်…”

“လုပ်ပါဘူး…ဝိုင်းဝိုင်း က မှန်မှန်ပဲ ဆော့တာပါ ခင်ဗျ…မေမေ က စောနက တစ်ကွက်မှားတော့ ဝိုင်းဝိုင်းက တစ်ကွက်စားလိုက်တာပါ…မေမေ မမှားရင် ဝိုင်းဝိုင်းက စားလို့မရဘူးလေ..”

“ဟုတ်ပါတယ်..ချက်ဘုရင်ကြီးရယ်…”

ညို သေချာ မဆော့တက်သော်လည်း ကလေး သင်ပေးတာကို လိုက်ဆော့ပေးရုံနဲ့ ကလေးက အတေ်ာလေး ပျော်နေတော့ ညိုလည်း ပျော်ပါသည်။

“ဒယ်ဒီနဲ့ဆော့ရင် ဘယ်သူနိုင်လဲ…”

“ဒယ်ဒီပဲ နိုင်တာ..ဒယ်ဒီက တော်တယ်…”

“ဟုတ်လား..”

ကလေး မပြောလည်း ညို သိပြီးသားပါ..။

သူ့လို ဘက်စုံ ထူးချွန်နေတဲ့ လူနဲ့ ညို က တကယ်မလိုက်ဖက်မှန်းလည်း ခံစားမိပါသည်။

အဲဒါကြောင့် သူ့ဘက်က ချစ်တယ်လို့ ပြောတိုင်း မယုံနိုင်သလို စိတ်မကောင်းသလိုသာ ခံစားမိသည်။

“မေမေ့ကို ဝိုင်းဝိုင်း သင်ပေးမယ်လေ…ဒါဆို မေမေ လည်း ဆော့တက်သွားမှာ သိလား..”

ကလေး က ညို  ရှုံးပြီး စိတ်မကောင်းဖြစ်သွားတယ် အထင်ဖြင့် ချော့ပေးတော့ ပြုံးမိသွားသည်။

“သားသား က ဒယ်ဒီ နဲ့ အကုန်တူတယ်…အဲဒါကြောင့် သားကြီးလာရင် ဒယ်ဒီထက်တောင် ပိုတော်သွားလိမ့်မယ်..”

“အွင်း….ဝိုင်းဝိုင်း ဖေးဘရိတ်ပါဆမ်က ဒယ်ဒီပဲ…”

“အဟွင်း…အဖေချစ်သားလေး…”

“ဒယ်ဒီ့ကိုဝိုင်းဝိုင်းချစ်တယ်ခင်ဗျ….ဒယ်ဒီ့စတိုင်ကိုလည်း ဝိုင်းဝိုင်း ကြိုက်တယ် ခင်ဗျ..”

“ဟုတ်လား..”

ကလေး က အားတက်သရော ပြောပြနေလေတော့ ညိုလည်း ခေါင်းညိတ်၍ နားထောင်ပေးနေရတော့သည်။

ကလေး က ပြောနေရင်း ခုတင်ပေါ်က ခုန်ဆင်းကာ သူ့ဘီဒိုကို ဖွင့်လေတော့ စောင့်ကြည့်ရသည်။

သစ်လွင်သောဆူးWhere stories live. Discover now