Part 4

10.6K 537 128
                                    


သစ်လွင်သောဆူး

အပိုင်း (၄)

#သစ်လွင်သောဆူး

08260555

“ဝိုင်းဝိုင်းက…မာမီသစ် လုပ်ပေးတဲ့ ပုစွန်ဘောလုံးလေးကို ဆိုးလိုက်ခ်…ဆိုးဒလေရှန့်..”

ညို့ဘေးနားမှာ ခြေဖျားထောက်ပြီး လုပ်သမျှ လိုက်ကြည့်နေတဲ့ ကလေးလေးကြောင့် နေရခက်သော်လည်း အပြုံးမပျက်ရဲပါဘူး..။

အနောက်မှာ အဖေ ဖြစ်သူက မျက်စိဒေါက်ထောက်ကာ စောင့်ကြည့်နေသည်လေ..။

လက်ပိုက်ပြီး ထိုင်ကြည့်နေတော့ အနားက သူဌေးလေး ပြောသမျှ ခေါင်းညိတ်နေရသည်။

မေမေကလည်း သမက်လောင်းမျက်နှာကြောင့် မိဘမေတ္တာလစ်လပ်နေတဲ့ ကလေးမို့ တအားပြောဆို ငြင်းဆန်မနေပဲ အလိုက်အထိုက်လေး နေပေးလိုက်ပါတဲ့..။

ဖြစ်ပုံကလည်းဆန်းပါသည်။

ဖြူ့ကိုဆို ကလေးလူကြီး ဘယ်သူမဆို မြင်သမျှ တွေ့သမျှ လူတိုင်းက ချစ်ခင်ကြသည်။

ချစ်စရာလည်း ကောင်းသည်ကိုး..။

အခုတော့ အမေအသစ်ဖြစ်လာမဲ့ ဖြူ့ကို အန်တီခေါ်ပြီး အမေအသစ်ရဲ့ အစ်မကို မာမီသစ်တဲ့လေ..။

ခုနှစ်အရွယ်ကလေးလေး ဖြစ်နေလေတော့ စိတ်ဆိုးရလည်း ခက်ပါသည်။

ဖြူ့မျက်နှာလည်း ရှိသလို ကျေးဇူးတရားတွေကို ထောက်ထားပြီး ကျောင်းပိတ်ရက် ရောက်လာချိန် ခဏတစ်ဖြုတ်တော့ အလိုက်သင့်လေး ပြောဆိုပေးရပါသည်။

“ဒယ်ဒီကော…ပုစွန်လုံး စားမလား…”

“အင်း…”

“မာမီ…. ဒယ်ဒီအတွက် နှစ်ခု ထပ်လုပ်ပေးပါနော်…ရတယ်မလားခင်ဗျ…”

“အင်း…လုပ်ပေးပါမယ်..”

ညို့ဘေးကနေ ခေါင်းမော့ကာ ပြောနေတော့ ခေါင်းညိတ်ပြီး ပုစွန်လုံးလေးတွေကို ထပ်လုံးလိုက်ရသည်။

သူ့အဖေ သူဌေးကြီးက ဒီလိုမျိုး စားပါ့မလားတော့ မသေချာပါဘူး..။

“ညို…ပုစွန်လုံး လုပ်တက်တာ ကြာပြီ ထင်တယ်…လက်မှန်းကအစ အနေတော်ပဲ…”

သစ်လွင်သောဆူးWhere stories live. Discover now