Part 39

6.7K 413 43
                                    

သစ်လွင်သောဆူး

အပိုင်း (၃၉)

#သစ်လွင်သောဆူး

09281229

“ဝိုင်းဝိုင်းလေး ကနေ ရှည်ရှည်လေး ဖြစ်လာပြီ…”

“ဟီး…”

သားက ကျောင်းပိတ်ရက်ပေမဲ့ သင်တန်းကို သွားရတာက နေ့တိုင်းလိုလိုပါပဲ…။

သင်တန်းက ပြန်လာချိန်တော့ ညို့အနားမှာရှိနေတက်သည်။

အခုလည်း ရေချိုး အ၀တ်အစား လဲပြီး ညို ထိုင်နေတဲ့ အနားကို ရောက်လာတော့ ဆံပင်ရေစိုတာကို သုတ်ပေးနေရင်း အရပ်ရှည်လာတာ သတိထားမိသည်။

“ရပြီ…”

သားရဲ့ ဆံပင်တွေကို ဖွပြီး ပြောလိုက်တော့ စားပွဲပေါ်က ဘရှပ်ကို ယူပေးပြန်လို့ ခေါင်းဖြီးပေးရပြန်သည်။

“သား…အသားနည်းနည်း ညိုသွားတယ်…”

“ညိုမှာပေါ့…ညို့သားကိုး…”

သောမတ်စ်က လပ်တော့ပ် ကြည့်ရင်း ရန်စနေလို့ ညို အနားက တာဝါနဲ့ ပစ်ပေါက်လိုက်တာကို ဖမ်းပြီး ဂုဏ်ယူစွာနဲ့ ပခုံးတွန့်ပြနေသေးသည်။

“မာမီ…ဟုတ်တယ်နော်…မာမီ့မြေး အသားညိုသွားတယ်မလား..”

“ညိုမှာပေါ့…ရေချည်းပဲစိမ်နေတာကိုး..အဲဒါကြောင့် သင်တန်းမသွားခင် ဆန်းခရင်မ် ထူထူ လိမ်းပေးလိုက်တာလေ…သား ဟိုမှာ ထပ်မလိမ်းဘူးမလား..”

“ဟီး..ဝိုင်းဝိုင်းမေ့သွားလို့…မာမီကြီး…”

“တွေ့လား..အမေ့ကောင်းတာ…ခုတော့ အသားဖြူဖြူလေးတွေ ညိုကုန်ပြီ…ကြည့်စမ်း…”

ညို နှုတ်ခမ်းကိုက်ပြီး ပခုံးလေးကို ရိုက်လိုက်တော့ ပခုံးကျုံ့ပြီး ရယ်နေသေးသည်။

“အမေရိကန် အသားအရောင်ပေါ့…ဘာဖြစ်လဲ ညိုရဲ့..”

“မကြိုက်ပါဘူး…နောက်နေ့ ဆန်းခရင်မ် သတိထားလိမ်းနော်…ကြားလား…ဝိုင်းဝိုင်း..”

“ဟုတ်ကဲ့ ခင်ဗျ…”

သား က ခေါင်းညိတ်ပြီး ငယ်ငယ်တုန်းက အတိုင်းပဲ ညို့ပေါင်ပေါ် လက်ဝါးတင်ပြီး လှဲအိပ်သည်။

သစ်လွင်သောဆူးWhere stories live. Discover now