Part 15

9.5K 464 106
                                    

သစ်လွင်သောဆူး

အပိုင်း (၁၅)

#သစ်လွင်သောဆူး

09080302


“ညို…”

“…….”

“ညို…နိုးလာပြီလား…မောနေသေးလား…”

ညို လူကော စိတ်ကော ပင်ပန်းပြီး အားမရှိသော်လည်း နှုတ်ခမ်းကို လွင့်ခနဲ့ ပြုံးပြလိုက်သည်။

“အားနာလိုက်တာ…”

“………”

ညို ခပ်တိုးတိုး ပြောလိုက်တော့ ခေါင်းရမ်းပြပေမဲ့လည်း စိတ်ထဲမှာ တကယ်အားနာမိတာပါ…။

“ကလေးကော…”

“သား က အိမ်မှာပဲ…ကျောင်းရှိတော့…ကျောင်းက မပြန်လာသေးဘူး…ညနေကျ တို့ခေါ်ခဲ့ပါမယ်..”

“နေပါစေ…ကလေး ပင်ပန်းပါတယ်…ဒါနဲ့ ဖြူကောဟင်…”

“အောက်ဆင်းသွားတယ်…”

“သြော်…”

ညို နေရခက်စွာ အားနာစိတ်ဖြင့် စိတ်က မသက်မသာ ဖြစ်လာသည်။

အခုလို အနေအထား က စိတ်ကျည်းကြပ်စရာလည်း ကောင်းပါသည်။

“သက်သာရဲ့လား…ညို…ရင်ဘတ်က နာနေတယ်မလား…”

“ဟုတ်ကဲ့….နည်းနည်းပဲ နာတော့တာပါ….”

“ဆရာ၀န်ကတော့…အားလုံး ပုံမှန် လို့ ပြောတယ်…တို့ကတော့ ထပ် စစ်ဆေးကြည့်ဖို့ ပြောထားတယ်..”

“ရပါတယ်…ကျွန်မ တကယ် သက်သာနေပါပြီ…”

“………”

ညို ပင်ပန်းနေသော်လည်း ဧည့်ခံ စကားပြောပေးနေရတာ စိတ်ပင်ပန်းပါသည်။

စိတ်ထဲမှာတော့ ဖြူ့ကိုသာ မျှော်နေမိသည်။

“……..”

ဖြူ့ကို တောင့်တနေမိချိန် ဖြူက အိတ် တစ်ထုပ်ဆွဲပြီး တံခါးဖွင့်၀င်လာတော့ ပြုံးမိသွားသည်။

“သြော်…လာပြီ…ဘယ်တွေသွားနေတာလဲ ဖြူရယ်..”

“ဟင်…မမ နိုးပြီလား..တော်သေးတာပေါ့…ဖြူ စိတ်ပူလွန်းလို့ သေတော့မယ် မမရယ်…ဟင့်…”

ကလေးလိုပဲ ညို့ လက်ကို ကိုင်ပြီး ငိုနေတော့ ဆေးသွင်းထားတဲ့ လက်ကို နည်းနည်း လှုပ်ကာ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။

သစ်လွင်သောဆူးWhere stories live. Discover now