Unicode ver....
အေးချမ်းတဲ့ ပန်းဥယာဥ်တစ်ခုထဲမှာ ကောင်လေးတစ်ယောက်က မက်မွန်ပင်ကို ကျောမှီထားတဲ့ သူ့ရဲ့ ချစ်သူရဲ့ ရင်ဘတ်ပေါ်မှာ မှီအိပ်ရင်း မျက်လုံးမှိတ်ပြီး သူ့ချစ်သူရဲ့ နှလုံးခုန်သံကို သံစဥ်တစ်ခုအလား ငြိမ်ငြိမ်ကလေး နားထောင်နေလေသည်။
စည်းချက်ညီမနေတဲ့ နှလုံးခုန်သံလေးက ကြာလာတော့ ကခုန်ကပေါက် ကခုန်နေသလို မြည်ဟီးလာတဲ့ နှလုံးခုန်သံလေးတွေကြောင့် လက်တီးဆုပ်ကလေးက လှုပ်ရှားချက်ကြောင့် ရင်ဘတ်ပေါ်မှာ ဘုန်းခနဲ ရလိုက်တဲ့ ရိုက်ချက်နဲ့အတူ ခပ်စူစူ အသံလေးက ထွက်လာတယ်။ ဘာတဲ့ "ခင်များ အရမ်းဆိုးတယ်"တဲ့။
နဖူးပြေပြေလေးကို အနမ်းပေးလေတော့ သူလေးက မျက်လွှာချသွားလေရဲ့။ အိုဗျာ သိပ်ကို မြတ်နိုးစရာကောင်းလွန်းနေသောပါပဲ။
"အရှင်မင်းကြီးဖြစ်ပြီး အရှက််ကိုမရှိဘူး"
"မင်းနဲ့ ကျမှပဲ ကိုယ့်ရဲ့ စိတ်က ထိန်းမရတာပါကွာ။ ဒါတွေက မင်းလေးရဲ့ ဆွဲဆောင်မှုကြောင့်ပါ အရှက်မရှိဘူးလို့ ပစ်ချက်မဆိုပါနဲ့။"
"~~~~"
ရှောင်းရဲ့ နူးနူးညံ့ညံ့စကားလေးကြောင့် ဝမ်ခင်မျာ ဆွံ့အသွားရုံတင်မက မျက်ဝန်းလေးပါ ဝိုင်းစက်သွားရလေသည်။
ဒါက သူသိထားတဲ့ ရက်စက်တဲ့ ဘုရင်မင်းမြတ်ပါ ဟုတ်ပါလေစ လေသံလေးက နူးနူးညံ့ညံ့လေးရယ်။
သူ့ကို မျက်ဝန်းဝိုင်းလေးနဲ့ စိုက်ကြည့်နေတဲ့ ဝမ်ကြောင့် ရှောင်းက သူ့လက်ညိုးကို ကွေးပြီး ဝမ့်ရဲ့ နှာလုံးလေးကို တို့ထိပြီး~~~~
"လူက ကိုယ့်ရင်ခွင်ထဲ နေပြီး စိတ်က ဘယ်ဒေသဆီ နယ်ကျွံနေတာလဲ ပြောပါအုံး"
ရှောင်းစကားကြောင့် ဝမ့်ခင်မျာမှာ မျက်နှာပူပြီး သူ့မျက်နှာကို ရှောင်းရင်ခွင်မှာ ဝှက်ထားလိုက်လေသည်။ မဝှက်ချင် မျက်လုံးလှန်ပြသွားတာတော့ တစ်ပိုင်းပေါ့လေ။
"အား!! အား!! ဝမ် ဝမ်ရ ဘာလုပ်တာလဲ နာ နာတယ်"
ရှောင်းခင်မျာမှာ ချစ်ဖို့ကောင်းနေသူလေးကြောင့် ကောင်းကောင်းစနေတုန်း ရင်ဘတ်က ရုတ်တရက် နာသွားတာကြောင့် ကြည့်လိုက်တော့မှ ချစ်ရသူလေးဟာ ကိုယ့်ရင်ဘတ်ကို အားရပါးရ ကုန်းကိုက်နေမှန်း သိရတော့သည်။
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanfictionဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။