Unicode Ver ......
"ပါပါးငယ်!!!"
"သားသား! သားသား သတိထား!!"
မနက်မိုးလင်းချိန်ရောက်တော့ သားသားက ရုတ်တရက် လန့်နိုးတာကြောင့် ဘေးမှာ ထိုင်နေတဲ့ ဝမ်က သားသားကို ချက်ချင်းထိန်းပွေ့ပေးလိုက်လေသည်။
အဖျားရှိန်ကြောင့် ရုတ်တရက်ထထိုင်လိုက်တဲ့ သားသားက မိုက်ခနဲ ဖြစ်သွားဟန်ရပြီး ဝမ့်ရင်ခွင်ထဲမှာ ပြန်လှည်မှီကျသွားလေသည်။
"ပါပါးငယ် ဘေးကင်းတယ်မလား~~~ပါပါး ဘာမှမဖြစ်ဘူးမလား"
"မဖြစ်ပါဘူး ပါပါး ဘာမှ မဖြစ်ပါဘူး ဘာမှ မစိုးရိမ်နဲ့နော် ပြောပါအုံး သားသား ဘယ်လိုနေသေးလဲ ခေါင်းမူးသေးလား~~~~ဘယ်နားနာနေလဲ"
နိုးနိုးချင်းမှာပဲ သူ့ကို စိုးရိမ်သံလေးနဲ့ မေးလာတဲ့ သားသားကြောင့် ဝမ်ရဲ့ရင်ထဲမှာ တင်းကြပ်သွားရလေသည်။ သူ့ကို သိပ်ချစ်တဲ့သားသားကို သူဟာ မေ့ထားခဲ့ဖူးသည်။
"ပါပါးငယ် ဘာမှ မဖြစ်တာကောင်းတယ်။
"ဟင် ပါပါးငိုနေတာလားဟင် ပါပါးမငိုပါနဲ့"
သူ့ရင်ခွင်ထဲမှီပြီး ထွက်ဆိုလာတဲ့ သားသားစကားကြောင့် ဝမ်က မနေနိုင်ပဲ ငိုချမိတော့ သားသားက အမြန်ထလာပြီး သူ့ကို မျက်ရည်သုတ်ပေးလိုက်လေသည်။
နေမကောင်းနေတာတောင် ချစ်ဖို့ကောင်းနေလိုက်တာ ခလေးရယ်။
"ဝမ် သားသား~~~~ သားသား နိုးလာပြီလား သားသား ဘယ်လိုနေသေးလဲ"
ရှောင်းက ပြောပြောဆိုဆိုဝင်လာရင်း ဝမ်ရဲ့မျက်ရည်ကို သုတ်ပေးနေတဲ့ သားသားကို တွေ့တာနဲ့ ရှောင်းက ဝမ်းသာအားရနဲ့ သူတို့ဆီ ပြေးလာလိုက်လေသည်။
ရှောင်းရောက်လာတာနဲ့ ရှောင်းကိုယ်ပေါ် တွယ်တက်သွားတဲ့ သားသားဟာ ရှောင်းကို အရမ်းလွမ်းနေဟန်ရသည်။ သားသားက ဘာမှ ဆိုမနေဘဲ ရှောင်းရဲ့ ရင်ခွင်ထဲဝင်ပြီး မှိန်းနေတာကြောင့် ရှောင်းက သားသားရဲ့ ကျောပြင်လေးကို အသာပွတ်ပြီး ခလေးတွေ ချော့တိတ်သလို လမ်းလျှောက်နေလေသည်။
"ပါပါးရဲ့ မင်းသားလေး ပင်ပန်းသွားပြီ"
"~~~~"
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanficဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။