အပိုင်း ~ 43

176 16 7
                                    

Unicode Ver.....

'ဖိင်းအန်း ကျွန်မတို့ မြို့ထဲ လျှောက်လည်ရအောင် ရှင်လှလှလေး ဝတ်လာနော်' ဆိုတဲ့ စာတိုလေးကြောင့် ဖိင်းအန်းက သူ့ရဲ့ ပန်းကလေးကိုယ်တိုင် ချုပ်ပေးထားတဲ့ အနီရောင် ဝတ်စုံကို ဝတ်ဖို့ ဆုံးဖြတ်လိုက်လေသည်။ သူ့အဝတ်က ရိုးရှင်းပြီး ထင်ပေါ်သည်။ အနီရောင်ပေါ်မှာမှ အနီရင့်ရင့်နှင်းဆီပန်းဂနုတ်လေးနဲ့ ထိုဝတ်စုံဟာ အနုစိတ်ပြီး တကယ်ကို လှတဲ့လက်ယာလေး ဖြစ်သည်။

အလွန်ကိုပျော်ပြီး တက်ကြွနေတဲ့ သူမရဲ့ သခင်ဖြစ်သူကို ကြည့်ပြီး နို့ထိန်းက မျက်ရည်အဝဲသား ဖြစ်နေလေသည်။ နို့ထိန်းဟာ သူမရဲ့ ဖိင်းအာလေးကို မွေးကတည်းက ထိန်းလာရတာမို့ သူမက ဖိင်းအာကို သူမရဲ့ ရင်သွေးလေးလို ချစ်ရတာ ဖြစ်သည်။

တကယ်တော့ သူမရဲ့ ဖိင်းအာနဲ့ ပထမမိဖုရားဟာ စိုးရိမ်နေရမဲ့အခြေအနေရောက်နေပြီ ဖြစ်သည်။ ဒါပေမဲ့ သူတို့ဟာ မီးနဲ့ဆော့ကစားနေတာတောင် အေးဆေးနေကြတုန်းပင် ဖြစ်သည်။

ပြဿနာပေါင်းစုံကြုံလာတဲ့သူတွေမို့ သူတို့ဟာ မဖြုံတော့တာများလား။

"နို့ထိန်း ကျွန်တော် သွားတော့မယ် "

တားမရမှန်း သိနေတဲ့ နို့ထိန်းဟာ အနီရောင် ခေါင်းဆောင်းလေးကို ယူလာပြီး သူ့သခင်ရဲ့ ခေါင်းပေါ် ဆောင်းပေးပြီး~~~

"ပျော်ပျော်လေး လည်ခဲ့နော် ဖိင်းအာလေး"

"ဟုတ်ပါပြီဗျာ။ နို့ထိန်းကို အရမ်းချစ်"

ဖိင်းအာထွက်သွားပြီဆိုတာနဲ့ နို့ထိန်းဟာ သူမရဲ့ မျက်ရည်ကို အသာလေး သုတ်လိုက်လေသည်။

အားလုံးက ကံစီမံရာအတိုင်းပဲ ဖြစ်မှာပါ။

စျေးထဲက အလှလှေကားလေးမှာ မျက်နှာအုပ်ပုဝါအနီလေးနဲ့ နှင်းဆီကနုတ်လေးပါနဲ့ ဝတ်ရုံနီနီလေး ဝတ်ထားတဲ့ မိန်းမလှလေးတစ်ဦးရပ်နေသည်။ ခဏနေတော့ သူမနဲ့ ဆင်တူ ဝတ်ထားတဲ့ ခန္ဓာပိန်ပိန်ရှည်ရှည်နဲ့ လူငယ်တစ်ယောက်က သူမနားရောက်လာလေသည်။

ထိုအခိုက်မှာပဲ မိန်းမပျိုလေးဟာ ခေါင်းဆောင်းဆောင်းထားတဲ့ လူငယ်ရဲ့ ရင်ခွင်ထဲ မှီတွယ်သွားလေသည်။

My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)Where stories live. Discover now