Unicode Ver....
ထိုနေ့ဟာ ရှောင်းသားအဖက အချိန်တော်တော်ကြာသည်ထိ အတူတူအချိန်ကုန်ခဲ့ကြလေသည်။
ရှောင်းစိတ်ရှုပ်နေပေမဲ့လည်း သူ့ဖခင်ရဲ့ အကြံပြုမှုကြောင့် တချို့အရာတွေအတွက် လမ်းမြင်သွားလေပြီဖြစ်သည်။
"အကြံဉာဏ်တွေအတွက် ကျေးဇူးတင်ပါတယ် ခမည်းတော်။ "
"သားအဖတွေမှာ ကျေးဇူးတင်စကား လိုလို့လား သား၂ရဲ့။ ခမည်းတော် ကပဲ အရင်က အချိန်တွေမှာ ပင်ပန်းစေတဲ့အတွက် တောင်းပန်ပါတယ် သား။"
"ကျွန်တော် ခမည်းတော်ကို အပြစ်မတင်ဖူးတာမို့ ခမည်းတော် တောင်းပန်စရာမလိုပါဘူး။"
ထိုနေ့ရက်မှာ သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးက အရင်ကထက် ပိုမို တိုးတက်လာလေပြီဖြစ်သည်။
~
~
~"အစ်ကိုကြီး သားကောင်လာပြီ"
နန်းတော်ရဲ့ မြင်းလှည်းတို့ ရောက်လာပြီဆိုတာနဲ့ ဓားမြရဲ့ ငယ်သားက သူတို့ရဲ့ ဆရာကို သတင်းပို့ လိုက်လေသည်။
"ကောင်းပြီ သားကောင်ကို ငါအရှင်လိုချင်တယ်"
"ဟုတ်ကဲ့"
တောင်ကြားထဲရောက်လာတဲ့ စစ်သည်တစ်ချို့နဲ့ မြင်းလှည်းတွေဟာ ဘာမှ မသိစွာပဲ ရန်သူဆင်ထားတဲ့ ထောင်ချောက်ထဲ ရောက်သွားလေသည် ။
"တိုက်!!!!"
"လုပ်ကြံသူရှိတယ် လုပ်ကြံသူရှိတယ်! ကြင်ယာတော်ကို ကာကွယ်ကြ! ကြင်ယာတော်ကို ကာကွယ်ကြ!!!"
"ရား!!!!"
"သတ်!!!"
မဓမာသူတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် တောင်ပိုင်းကို သွားတဲ့ တောင်ကြားလမ်းတွေမှာ သွေးနဲ့ဆေးကျောလိုက်ရလေသည်။
အမိန့်ပေးတဲ့သူတွေက နေရာမှာတင် အေးဆေးစွာ အသက်ရှင်နေရပေမဲ့ အခင်းဖြစ်တဲ့နေရာက သက်ရှိတွေကတော့ သက်မဲ့တွေ ဖြစ်သွားခဲ့ရပြီ။
တရားခံက ဘယ်သူများလဲ။အဖြူရောင်အဝတ်စလေးတွေက နီရဲရဲသွေးရောင်ခြယ်လို့ သွေးညီနံတွေ လှိုင်လှိုင်ထနေပြီ။ အိမ်ပြန်လမ်းဆီ လှမ်းနေတဲ့ လက်ကလေးက မြေပြင်ပေါ် အထိန်းအကွပ်မဲ့စွာ ပစ်ကျသွားခဲ့ပြီ။ ညီးညူအော်ဟစ်သံတွေကို ဘယ်သူမှ ကြားမိနိုင်စွမ်းမရှိကြတော့ဘူး။
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanfictionဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။