Unicode ver....
"အင်း ဟင်~~~"
ဝမ်နိုးလာတော့ သူ့ရင်ခွင်ထဲ ခပ်နွေးနွေးလေး ဖြစ်နေတဲ့အရာကြောင့် ဝမ်က ငုံ့ကြည့်လိုက်တော့ မနေ့ညမှာ သူဒုက္ခသည်ဆောင်မှာ အိပ်ပျော်မိသွားမှန်း သိလေတော့သည်။
ရင်ခွင်ထဲမှာ အိပ်ပျော်နေဆဲ ဖြစ်တဲ့ ခလေးမလေးက မနေ့ညကပင် သမားတော်က မရဏတံခါးဝကနေ မရမကခေါ်ထားရတဲ့ခလေးလေးပင် ဖြစ်သည်။
လောကဓံကြောင့်သာ ခလေးမလေးက ညစ်ထေးထေးပုံစံပေါက်နေပေမဲ့ သေချာကြည့်တော့မှ ခလေးငယ်လေးက ချစ်စရာလေးပင် ဖြစ်သည်။
ဝမ်တစ်ယောက် ခလေးလေးကို ငုံ့ကြည့်နေတုန်းမှာပဲ အထိန်းတော်က ဆန်ပြုတ်နှစ်ခွက်သယ်ပြီး ရောက်လာတာကြောင့် နည်းနည်းတော့ ကြောင်မိသွားလေသည်။ သူက အခုမှ နိုးတာမို့ ကိုယ်လက်သန့်စင်တာမျိုးတောင် မလုပ်ရသေးပေ။
"ကြင်ယာတော် ကိုယ်လက်သန့်စင်ဖို့ ရေတွေ ပြင်ဆင်ပြီးပါပြီ။"
"ဟုတ်ပြီ ကျေးဇူးပါ အထိန်းတော်ကြီး"
"ကျွန်တော်မျိုးရဲ့ တာဝန်တွေပါပဲ ကြင်ယာတော်"
ဝမ်တို့ ပြောဆိုနေပြီ ဆိုတာနဲ့ ထိုခလေးမလေးကလည်း နိုးလာလေသည်။ မျက်ဝန်းငယ်လေးနဲ့ ဝမ်ကို မော့မော့လေးကြည့်နေသည်မှာ သနားစဖွယ်လေးမို့ ဝမ်က ထိုခလေးမလေးရဲ့ ခေါင်းကို ခပ်ဖွဖွလေး ပွတ်ပေးပြီး ~~~~
"သမီးလေး သက်သာလာလား"
"~~~~"
ခလေးမလေးက ဘာမှ ပြန်မဖြေပေမဲ့ ခေါင်းလေးခပ်ဖွဖွညိတ်ပြတာကြောင့် ဝမ်က ခပ်ဖွဖွပြုံးပြီး အထိန်းတော်ဘက် ကြည့်လိုက်ပြီး ~~~~
"သူလေးကို သေချာပြင်ဆင်ပေးလိုက်ပါ ကျွန်တော့်ကိစ္စကိုတော့ ကျွန်တော် ဘာသာပဲ ဖြေရှင်းလိုက်ပါ့မယ်"
ဟိတ်ဟန်အာဏာတစ်စက်မှ မပြပါပဲ သာမာန်လူငယ်လေးတစ်ယောက်လိုပဲ သူ့ကိုပေါ့ပေါ့ပါးပါးပဲ အမြဲဆက်ဆံတဲ့ ကြင်ယာတော်ကြောင့် အထိန်းတော်ကြီးမှာ ကြင်ယာတော်ကို အရှင်သခင်ဆိုတာထက် မိဘက သားသမီးကို ချစ်သောအချစ်မျိုးလို ချစ်နေမိလေသည်။
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanfictionဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။