Unicode ver....
"ခမည်းတော်!"
အားလုံးက ကိုယ့်နေရာ ကိုယ့်မိတ်ဆွေနဲ့ စကားစမြည်ပြောနေကြတုန်း ဘုရင်မင်းမြတ်ရဲ့ ပုလ္လင်ဆီ ပြေးတက်ပြီး ဘုရင်မင်းမြတ်ရဲ့ လက်ကိုပါ တစ်ခါတည်း ဆွဲထနေတဲ့ ဖေးလျိုကို တချို့ကတော့ မဆန်းတော့ပေမဲ့ တစ်ချို့ကတော့ တအံ့တသြနဲ့ ကြည့်နေလေသည်။ တချို့ကလည်း အကြည့်တစ်မျိုးနဲ့ ကြည့်နေပေမဲ့ ကာယကံရှင်တွေကတော့ ဂရုစိုက်ပုံမရပေ။
ရှောင်းကိုယ်တိုင်ကလည်း အရက်ကြောင့် အနည်းငယ်ရီဝေဝေဖြစ်နေပေမဲ့ စိတ်ထဲက သောကတွေကြောင့်လား မသဲကွဲစွာ သူဟာ အများကြီးသောက်ထားတာတောင် မမူးသေးပေ။ ဒါပေမဲ့ အားလုံးကို စိတ်ရှုပ်လာသလို ခံစားနေတာမို့ ဖေးလျိုဆွဲခေါ်ရာနောက်ကိုဘာမှ မပြောပဲ လိုက်သွားလေသည်။
ဘယ်လိုပဲ ပြောပြော အားလုံးက သူ့ကို ဘာမေးခွန်းမှ ထုတ်ရဲမှာ မဟုတ်ဘူးလေ။
"ခမည်းတော် သားလေ တစ်ခုမေ့နေတာ အဲဒါ လာသာဆောင်မှာ သွားစောင့်နေနော်။"
"ဟုတ်ပါပြီဗျာ။ ဖြေးဖြေး မပြေးနဲ့~~~~"
"ဟုတ်!"
သူ့ကို ကြင်ယာတော်ရဲ့ ဥယာဥ်မှာ ခေါ်လာပြီး လမ်းတစ်ဝက်တင် ပြန်သွားတဲ့ ဖေးလျိုကြောင့် ရှောင်းက ဂရုစိုက်ဖို့ အော်ပြောပြီး ခေါင်းခါရင်းသာ လသာဆောင်ဆီ သွားလိုက်လေသည်။
သူထင်တာက ဒီခလေးငယ်လေးက သူ့စိတ်ဒဏ်ရာကို ကုသပေးမယ်ပေါ့။ သူမသိတာက လသာဆောင်မှာ ဘာရှိနေတာလဲ ဆိုတာပါပဲ။
ခရီးဆုံးလို့ လသာဆောင်ကို ရောက်တဲ့ အခါမှာတော့ ရှောင်းမှာ ခြေလှမ်းတို့ တန့်သွားရလေသည်။ ဘာလို့ဆို လသာဆောင်မှာ ကြင်ယာတော်က မျက်ဝန်းအဝိုင်းသားနဲ့ သူ့ကို ကြည့်နေတာပါပဲ။ ကြင်ယာတော်ကို ကြည့်ရတာလည်း အံ့သြနေပုံပါပဲ။ ကြည့်ရတာ အားဖေးက တစ်ခုခု ကြံစည်သွားပြီ ထင်ပါတယ်။
"အရှင်ကို ဂါရဝပြုပါတယ်"
"ဝမ် သက်သက်သာသာပဲနေပါ။ ကြည့်ရတာ ဖေးလျိုက ဝမ်ကို ခေါ်ထားတာ ထင်တယ်"
"ဟုတ်ပါတယ်အရှင်"
ဝမ်က ရိုရိုသေသေလေးဖြေပေးတော့ ရှောင်းက တစ်ခုခုကို သဘောကျနေသလို ခပ်တိုးတိုးလေး ရယ်ပြုံးလေသည်။
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanfictionဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။