Unicode Ver....
"ဝမ်ဘာကို ဆိုလိုချင်နေတာလဲ ကိုယ်နားမလည်ဘူး။ တစ်ယောက်ယောက်က ခြိမ်းခြောက်လို့လား။ ကိုယ့်ရဲ့ ကြင်ယာတော်ကို ဘယ်သူ ခြောက်လန့်ရဲလဲ"
ရှောင်ရဲ့ တည်တင်းနေတဲ့ စကားသံကြောင့် ဝမ်က မျက်လွှာလေးချ ခေါင်းလေးငုံ့ချသွားပြီး~~~
"ဒီအတိုင်း~~~ဒီအတိုင်းလေး ကျွန်တော်က အရှင် ကာကွယ်ပေးတာကို ခံရတာ အချိန်တစ်ခုရောက်နေပြီမို့ နေသားကျနေပြီဖြစ်တဲ့ အနေအထားကနေ အကယ်လို့ တစ်နေ့နေ့ အရှင်က ကာကွယ်မပေးတော့ရင် ကျွန်တော် ဘယ်လိုရှိနေမလဲ~~~ကျွန်တော်~~~~"
အနည်းငယ်အတွေးများပြီး ရောထွေးနေပုံရတဲ့ ချစ်သူလေးကြောင့် ရှောင်းအရှင်က ကြင်ယာတော်ကို သူ့ရင်ခွင်ထဲ အသာလေးဆွဲသွင်းရင်း~~~
"အရူးလေးရယ် ဘာတွေလျှောက်တွေးနေတာလဲဗျာ။ ကိုယ်စိတ်ပူအောင်လို့ အကျယ်ကြီး အားကြီးနဲ့ အော်ငိုသေးတယ်။ ကြည့်ပါအုံး ကိုယ့်နှလုံးသားနာကျင်နေရအောင် ဒီမျက်လုံးလှလှလေး နှာထိပ်လုံးလုံးလေးတွေ နီရဲနေအောင် ငိုထားရလား။ "
"~~~~"
သူကချော့မြူတော့ ချစ်သူလေးက မျက်ဝန်းစိုစိုကလေးနဲ့ မော့ကြည့်လာတာမို့ ရှောင်းက ဝမ်ရဲ့ မျက်ခွံမို့မို့လေးကို ခပ်ဖွဖွလေးဖိနမ်းပြီး~~~~
"ကိုယ့်ရဲ့ နှလုံးသားပုလ္လင်က ဟောဒီက ပူတူးလေးကပဲ သီးသန့်စံမြန်းရတဲ့ နေရာပါနော်။ ဒီလိုမျိုး ခင်များလေးကိုပဲ ဦးညွတ်မဲ့ ဒီရပ်ဝန်းမှာ အဘယ်အရာကိုများ ကြောက်ရွံ့ရအုံးမလဲဗျာ။ အတွေးမများပဲ ရဲရဲသာ အုပ်ချုပ်လိုက်စမ်းပါ ကိုယ်က မင်းအပိုင်ပဲလေ ဝမ်~~~"
"အိုဗျာ~~~~အစကတည်းက မူးနေတာပါဆို ခေါင်းထောင်မရအောင်ကို စကားလုံးတွေနဲ့ ပြုစားပြန်ပြီ"
ရှောင်းရဲ့ ရင်တွင်းစကားကြောင့် ဝမ်က ရှက်ရှက်နဲ့သာ သူ့ရဲ့ ရှက်စိတ်ကြောင့် နီရဲနေတဲ့ မျက်မှာလေးကို ရှောင်းရင်ခွင်ထဲမှာ ဝှက်ထားလိုက်လေသည်။
ဒါပေမဲ့ ယုန်ဖြူလေးလို ဖြစ်နေတဲ့ ကြင်ယာတော်လေးဟာ သူ့ရဲ့ နီရဲတွတ်နေတဲ့ နားရွက်လေးနှစ်ဖက်ကိုတော့ မကွယ်ဝှက်ထားနိုင်ခဲ့ပေ။
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanfictionဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။